Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်လို့
စစ်ကောင်စီတပ်သား ၅ ဦးလောက်သေဆုံးတယ်လို့ဆို

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေတာရှည် PDF
ရေတာရှည် PDF

ရေတာရှည်မြို့နယ် ဂွေးသဲရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦး သေဆုံးနိုင်တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)က သတင်းထုတ်ပြန်ထားပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
Public Service Announcement

ဒီလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံးငါးဦးသေဆုံးနိုင်ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ ရေတာရှည် PDF တပ်ဖွဲ့ခွဲ(၂)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အာဖဂန်ဟာ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ ဇန်နဝါရီလတုန်းက နိုင်ငံ အနောက်ပိုင်းမှာ ငလျင်နှစ်ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

သတင်း

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF - GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

သတင်း

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။