Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ ကျဆုံးခဲ့သည့် ရဲဘော်များ သရက်-ကံမ PDF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အသိပေး၊ တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှလည်းသေဆုံးမှုရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ
ပွင့်ဖြူ မဲဇလီတံတားတိုက်ပွဲ

▪️ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ရန် မိတ်ဘက် PDF တပ်များကူညီပေးခဲ့၊ ကျဆုံးရဲဘော်များအပေါ် သစ္စာစောင့်သိပြီး ဆက်လက်တော်လှန်တိုက်ပွဲဝင်မည်။

မကွေးတိုင်း ပွင့်ဖြူမြို့နယ်၌ ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်များမှာ သရက်-ကံမ PDF ရဲဘော်များဖြစ်ကြောင်း သရက် PDFက ယနေ့ ညပိုင်း၌ အသိပေးခဲ့သည်။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ်-မုံရွာ လမ်းမကြီးပေါ်ရှိ မဲဇလီတံတားအနီး၌ ယနေ့ ဇွန်လ ၂၂ရက် နံနက်ပိုင်းတွင် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် အနီးကပ်ပစ်ခတ်မှု တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ပြီး သရက်-ကံမ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့ကာ တိုက်ပွဲဝင် ရဲဘော်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ရန်အတွက် မိတ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ကူညီမှုများစွာဖြင့် အလျင်အမြန် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တန်ဖိုးကြီးမားလှသည့် တော်လှန်ရေး ခရီးကြမ်းကြီးတွင် ပြည်သူတရပ်လုံးအတွက် တာဝန်ကျေပွန်သည်ထက် ပိုလွန်သောပေးဆပ်စွန့်လွှတ်ခဲ့သည့် သရက်-ကံမ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အာဇာနည် ရဲဘော်ရဲဘက် သူရဲကောင်းတို့၏ သွေးဖြင့် ရေးထိုးခဲ့သော ဂုဏ်ဒြပ်ထု သစ္စာတရားတို့ကို မိမိတို့ ရဲဘော်ရဲဘက်ညီအစ်ကို မောင်နှမများက မဖောက်ပြန်သော သစ္စာစောင့်သိမှုများဖြင့် ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သစ္စာကတိပြုသည်ဟု ထုတ်ပြန်သည်။

ယနေ့ တိုက်ပွဲ၌ ကျဆုံးခဲ့သည့် PDF ရဲဘော် အရေ အတွက်နှင့်လွတ်မြောက်ခဲ့သည့် ရဲဘော်များ၏ အခြေအနေများကိုမူ ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ပွင့်ဖြူ PDF နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ ယနေ့ မဲဇလီတံတား တိုက်ပွဲတွင် PDF ရဲဘော် ၁၂ဦး ကျဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦး အရှင်ဖမ်းဆီးခံရကြောင်း၊ ရဲဘော် ၁၄ဦး လွတ်မြောက်ပြီး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်သည်ဟုဆိုသည်။ PDF ရဲဘော်များက သရက်မြို့နယ်သို့ လက်နက်ခဲယမ်းများ သယ်ဆောင်စဉ် သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်၏ ကြားဖြတ်တိုက်ခိုက်မှု ခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ၁၄ဦးသေဆုံးခဲ့ကြောင်း Narapati Local Guerrilla Revolution Force (NLGRF)က သတင်းထုတ်ပြန်သည်။

သတင်း

ဖမ်းဆီးခံရပြီးနောက်အခြေအနေ မှာ ထောင်ချခံထားရသူ ၈ ဦး ၊ အင်းစိန်ထောင်ကိုရောက်ပြီး ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရသူ ၃ ဦး ၊ သတင်းမရသူ ၂ ဦး ၊ စစ်ကြောရေး ရောက်နေသူ ၁ ဦးတို့ဖြစ်တယ်လို့သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သားနှင့်အတူ MA1သေနတ် တစ်လက် ကျည်ဘောက် ၂ခု၊ ကျည် ၁၂၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့ပါရှိ၍ ကရင်အမျိုးသားအစည်း အရုံး(KNU) တပ်မဟာ(၁) တပ်ရင်း(၂)တပ်ရင်းမှူးထံ အပ်နှံပေးခဲ့သည်ဟု ဆိုသည်။