Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ်ရေတပ်ရဲ့ တတိယမြောက်နဲ့ ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘောသစ်ကို ပွဲထုတ်

ဖူကျန်းဟာ အပြည့်အဝ ဝန်တင် ခုတ်မောင်းရင် တန်ချိန် ၈ သောင်းကျော်လောက် အလေးချိန်ရှိပြီး မီတာ ၃၀၀ ကျော် ရှည်လျားပါတယ်။ သင်္ဘောကြီးကို ပင်လယ်ပြင်မှာ လက်တွေ့ လေ့ကျင့် ခုတ်မောင်းမှုတွေ စတင်ဖို့ စီစဉ်နေပါတယ်။

တရုတ် ရေတပ်ရဲ့ တတိယမြောက်နဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး လေယာဉ်တင်သင်္ဘော အသစ်ကြီးကို တရားဝင် ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

ဖူကျန်းလို့ နာမည်ပေးထားတဲ့ လေယာဉ်တင်သင်္ဘောကြီးအတွက် ရေချပွဲ အခမ်းအနားကို ရှန်ဟိုင်းမှာရှိတဲ့ ကျန်နန်း သင်္ဘောကျင်းမှာ ဇွန်လ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ ဒီသင်္ဘောကြီး တစ်စီးလုံးကို ပြည်တွင်းမှာ တပ်ဆင် တည်ဆောက်ပြီး တရုတ် ရေတပ်အတွက် Catapult တွန်းကန်စနစ်နဲ့ လေယာဉ်တွေ လွှတ်တင်နိုင်တဲ့ နည်းပညာ အသုံးပြုထားတဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်လာခဲ့ပါတယ်။

အရင်က တရုတ်ဟာ ယူကရိန်းကနေ ဝယ်ယူထားတဲ့ သင်္ဘော ကိုယ်ထည် အဟောင်းကြီးကို မွမ်းမံ တည်ဆောက်ထားတဲ့ လျောင်နင်းဆိုတဲ့ လေယာဉ်တင် သင်္ဘောနဲ့ ပြည်တွင်းဖြစ် တည်ဆောက်ထားတဲ့ ရှန်ဒေါင်းဆိုတဲ့ လေယာဉ်တင် သင်္ဘောကြီးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အဲဒီ နှစ်စီးစလုံးဟာ လေယာဉ်တွေ လွှတ်တင်မှု အပိုင်းမှာ အတော်ကြီး ခေတ်နောက်ကျတဲ့ Ski Jump ပြေးလမ်း စနစ်ကိုသာ အသုံးပြုထားတာ ဖြစ်ပါတယ်။

ကျန်နန်းမှာ အသုံးပြုထားတဲ့ စနစ်မျိုးကို အမေရိကန် ရေတပ်ရဲ့ နည်းပညာ အဆင့်အမြင့်ဆုံး လေယာဉ်တင် သင်္ဘောတွေမှာ ကာလရှည်ကြာ အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။ လေယာဉ်တွေ လွှတ်တင်တဲ့ နည်းပညာပိုင်း အဆင့်မြှင့်တင်လိုက်တဲ့အတွက် ကျန်နန်းဟာ နောင်တော် လေယာဉ်တင် သင်္ဘောကြီး နှစ်စီးထက် လက်နက်ခဲယမ်းတွေ ပိုမို တင်ဆောင်နိုင်မှာ ဖြစ်သလို လေယာဉ် အမျိုးအစား အသစ်တွေပါ ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ခုတ်မောင်းမှု မြန်နှုန်းကိုလည်း မြှင့်တင်နိုင်လိမ့်မယ်လို့ ဝါရှင်တန် အခြေစိုက် စစ်ရေး လေ့လာမှု သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS)က သုံးသပ်ခဲ့ပါတယ်။

ဖူကျန်းဟာ အပြည့်အဝ ဝန်တင် ခုတ်မောင်းရင် တန်ချိန် ၈ သောင်းကျော်လောက် အလေးချိန်ရှိပြီး မီတာ ၃၀၀ ကျော် ရှည်လျားပါတယ်။ သင်္ဘောကြီးကို ပင်လယ်ပြင်မှာ လက်တွေ့ လေ့ကျင့် ခုတ်မောင်းမှုတွေ စတင်ဖို့ စီစဉ်နေပါတယ်။

CSISရဲ့ တရုတ် ပရောဂျက်ဆိုင်ရာ သုတေသီ မက်သရူး ဖူနယ်လီက ဖူကျန်းကို ရေမချခင် ကတည်းက ဒီသင်္ဘောကြီးဟာ တရုတ်ရေတပ်ရဲ့ ခေတ်အမီဆုံးနဲ့ ဦးဆောင် စစ်ရေယာဉ်ကြီး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့ ကမ်းရိုးတန်း ပြည်နယ်တွေကို အစွဲပြုပြီး လေယာဉ်တင် သင်္ဘော နာမည်တွေကို မှည့်ခေါ်လေ့ ရှိပါတယ်။ ဖူကျန်းဟာ ထိုင်ဝမ်နဲ့ အနီးကပ်ဆုံး ပြည်နယ်ဖြစ်ပြီး မိုင် ၈၀ လောက် ကျယ်ဝန်းတဲ့ ရေလက်ကြားသာ ခြားပြီး တည်ရှိနေပါတယ်။

တရုတ် အစိုးရဟာ ထိုင်ဝမ်ကို တရုတ်ပိုင်နက် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ရဲ့ လွတ်လပ်ရေး တောင်းဆိုမှုတွေ မြင့်တက်လာမယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ အတိအလင်း ခြိမ်းခြောက်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ် ရေတပ်ဟာ သိသိသာသာ အင်အားချဲ့ထွင် ဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဒီအခြေအနေက ဒေသတွင်းမှာ စစ်ရေးအရ တင်းမာမှုတွေကို မြင့်တက်လာစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

လေယာဉ်တင် သင်္ဘောကြီးတွေဟာ ရွှေ့လျား စစ်အခြေစိုက် စခန်းကြီးတွေနဲ့ တူနေပြီး ကမ္ဘာ့ အင်အား အကြီးဆုံး ရေတပ်တွေသာ တည်ဆောက် ကိုင်တွယ်နိုင်ကြပါတယ်။ တရုတ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် ရေတပ်ကတော့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး ၁၁ စီး ပိုင်ဆိုင်ထားသလို နောက်ထပ် ၁ စီး တိုးမြှင့် ပိုင်ဆိုင်ဖို့ အစီအမံတွေလည်း အကောင်အထည် ဖော်နေကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

ထိုင်ဝမ်ကို တရုတ်ဆီက ခွဲထုတ်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု အနေနဲ့ သတ်မှတ်မယ်ဆိုရင် တရုတ် စစ်တပ်ကလည်း အစွမ်းကုန် လက်တုံ့ပြန် တိုက်ခိုက်တာကလွဲလို့ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်ကြောင်း ဝေက ဆိုပါတယ်။

ဗီဒီယို

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ဟာ လေထဲကနေတဆင့် ကူးစက်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားပေမယ့် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်ပြီး လေစီးကြောင်းနဲ့ ပါလာနိုင်သလား ဆိုတဲ့ မေးခွန်းကတော့ ဖြေဖို့ ခက်နေဆဲပါ။

ဗီဒီယို

လေယာဉ်မှူးဟာ ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ဆေး မေးမြန်းမှုကို ခံခဲ့ရပါတယ်။ ကနဦး အခြေအနေအရ သူဟာ ကန့်သတ် လေပိုင်နက်မှန်း မသိဘဲ ကမ်းခြေဖက် ချဉ်းကပ် ပျံသန်းမိခဲ့တာလို့ လေယာဉ်မှူးက ဝန်ခံထားပါတယ်။ သူဟာ အရပ်ဖက် လေကြောင်း ပျံသန်းမှု စည်းမျဉ်းတွေကို ဖောက်ဖျက်မိတဲ့အတွက်တော့ ဖြေရှင်းရဦးမှာ...

ဗီဒီယို

အသေအပျောက် ဖြစ်စဉ် အားလုံးဟာ ငလျင်ကြောင့် ကျောက်ဆောင် ကျောက်တုံးတွေ ပြိုကျပြီး ပိမိခဲ့တာလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရထားသူတွေကိုတော့ လောလောဆယ် ဆေးရုံတွေ တင်ပို့ပေးထားပါတယ်။