Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

People's Spring
People's Spring

ကေအဲန်ယူ-ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ ၁ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန်လ (၂၂)ရက် မနက် (၁၁) နာရီအချိန်က စစ်ကောင်စီရဲ့ လေးကေတပ်စခန်းကနေ ကေအဲန်ယူ-ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရသွားပြီး နေအိမ်နှစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အမျိုးသမီး တစ်ယောက် ခြေထောက်ထိတယ်။ သူ့မှာ (၂)လအရွယ်ကလေးငယ်လေးလည်းရှိနေတော့ စိုးရိမ်ရတာပေါ့။ လက်နက်ကြီးက ရွာထဲမှာ (၃)လုံးပေါက်ကွဲတယ်။ အိမ်ကတော့ (၂)လုံးထိတာပေါ့။ တခြားထိခိုက်တာတွေလည်း ရှိသေးတယ်”လို့ ဒေသခံတစ်ဦးကပြေကြားကြောင်း ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်အတွင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းကို ဒီကနေ့ မနက် (၁၁)နာရီအချိန်က KNLA KNDO ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒီလိုပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေးကေတပ်စခန်းကနေ မင်းစောကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF - GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

သတင်း

ယခု ဒေသခံ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ရခိုင်ဒေသသို့ လာရောက်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာသည်ဟု ဒေသခံက ပြောသည်။

သတင်း

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။