Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂန့်ဂေါတောင်ပိုင်းတွင် စစ်ကောင်စီတပ်က ဘုရားဌာပနာပါမကျန် ခိုးဆိုးလုယက်နေ

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ - PDF - GanGaw
ဓာတ်ပုံ - PDF - GanGaw

ဂန့်ဂေါတောင်ပိုင်းရှိ ကျေးရွာများသို့ ဝင်ရောက်သောင်းကျန်းနေသော အကြမ်းဖက်စစ်ကောင်စီအုပ်စုသည် ပြည်သူပိုင်ပစ္စည်းများသာမက ဘုရားဌာပနာများပါ ခိုးယူလက်ယက်နေကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့မှ ယနေ့(ဇွန် ၂၂) အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် မြစ်သာတမံ ဆည်ပေါ်ဧည့်ရပ်သာ၌ တပ်စွဲပြီး အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ပနန်းရွာ၊ စပါယ်ရွာ၊ ယင်းမာရွာနှင့် စင်ပုံရွာများသို့ ဇွန် ၁၉ ရက်မှ ၂၁ ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်းခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ဝင်ရောက်ရာတွင် အရက်ဘီယာများ မူးယစ်သောက်စားကာ ပစ္စည်းများခိုးယူလုယက်ခြင်း၊ ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ဘုရားဌာပနာများကိုပါခိုးယူခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“မိမိတို့ PDF-GANGAW(တောင်ပိုင်း) တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များအားပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်”ဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်သောင်း ကျန်းမှုကြောင့် အထက်ပါကျေးရွာများမှ ဒေသခံပြည်သူတစ်ထောင်ကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေရပြီး ဆင်းရဲဒုက္ခများ ရင်ဆိုင်နေကြရကြောင်း အသိပေးသည်။

အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါတောင်ပိုင်းသို့ ဝင်ရောက်သောင်းကျန်းပြီးနောက် လက်ရှိအခြေအနေတွင် ထီးလင်းမြို့နယ်၊ ကင်းပန်းရွာနှင့် သံပုရာရွာအနီးတောထဲတွင် တပ်ဖျောက်ထားကြောင်း PDF – GanGaw တောင်ပိုင်းတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လေးကေ စစ်ကောင်စီစခန်းက လက်နက်ကြီး ပစ်ခတ်တဲ့အချိန်ဟာ မနက်ပိုင်း ကျောင်းသားတွေ စာသင်ကျောင်းတက်ချိန်ဖြစ်လို့ စာသင်ကျောင်းကို ခေတ္တပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း

ယခု ဒေသခံ ပြည်သူများအား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာလည်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ရခိုင်ဒေသသို့ လာရောက်ပြီးနောက်ပိုင်း ဖမ်းဆီးမှု ပိုများလာသည်ဟု ဒေသခံက ပြောသည်။

သတင်း

သေဆုံးသူ ရဲနှစ်ဦးအနက် တစ်ဦးမှာ ဆရာသောင်းဟု ရဲတပ်ဖွဲ့ကြားလူသိများသူတစ်ဦးဖြစ်ပြီး သေဆုံးမှုအတွက် သတင်းမပေါက်ကြားစေရန် စစ်ကောင်စီက ဖိအားပေးနေ၍ ဒေါသဖြစ်ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဒေါင်းအင်းကုန်းကျေးရွာအုပ်စု ဂွေးသဲကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား (၂၀)ခန့်ကို သံတောင်မြောက်ပိုင်းအထူးဒေသ အဘဦးကိုကြီးအဖွဲ့နဲ့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့တို့က လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။