Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦးကို ထီးချိုင့် PDFဖမ်းမိ

Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး – ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦး
စစ်ကောင်စီတပ်မှထွက်ပြေးလာသည့် တပ်သားတစ်ဦး

▪️ယခုလအတွင်း စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူ သုံးဦးနှင့် ဒုရဲအုပ်တစ်ဦးအားဖမ်းမိဟု Eagles Army အသိပေးထား

အာဏာသိမ်းစစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို မန္တလေး – ဗန်းမော် လမ်းတစ်နေရာ၌ ဖမ်းမိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ် ရေးတပ်(PDF)၏ Eagles Army-HPDFက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၀ရက်တွင် ခလရ(၁၄၁) တပ်မှ ထွက်ပြေးလာသည့် တပ်သားရဲထက်အောင်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သားကို သက်ဆိုင်ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့ကြောင်းဖော်ပြထားသည်။

Eagles Army – HPDF သည် ဇွန်လ ၁၁ရက်ကလည်း ပုလိပ်ရဲတပ်ရင်း(၁၄)မှ ဒုရဲအုပ် သန်းဝင်းအောင်အား မန္တလေး – ဗန်းမော် မဟာဗျူဟာလမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇွန်လ ၁၀ရက်ကလည်း တပ်မ(၈၈) ခလရ(၈၃)မှ ထွက် ပြေးလာသည့် တပ်သား သက်ကိုကိုထွေးနှင့် တပ်သား ရှိုင်း၀ဏအောင် တို့ကို မန္တလေး- ဗန်းမော် လမ်း၌ ဖမ်းဆီးရမိခဲ့ရာ ပြည်သူ့ရင်ခွင်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

သတင်း

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။

သတင်း

ကံသစ်ကျေးရွာမှ ကိုးတန်းကျောင်းသား မောင်လူမင်းကို စစ်ကောင်စီတပ်ကသေနတ်ဖြင့် ပစ်သတ်သွား​ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

သတင်း

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းအနေဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် အဖွဲ့အစည်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ပြင်းထန်စွာအရေးယူနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဟု အသိပေးသည်။