Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်​အုပ်စုတိုက်ခိုက်ခံရပြီး​နောက် ​ကျေးရွာများကို စစ်​ကောင်စီတပ် ဖျက်ဆီး​နေ၊ ကိုးတန်း​ကျောင်းသားတစ်ဦးကိုလည်း ပစ်သတ်သွား

ကံသစ်ကျေးရွာမှ ကိုးတန်းကျောင်းသား မောင်လူမင်းကို စစ်ကောင်စီတပ်ကသေနတ်ဖြင့် ပစ်သတ်သွား​ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်၊ရဲနှင့်ပျူများစီးလာ​သောကားကို PDF များတိုက်ခိုက်ပြီး​တွေ့ရစဥ်/ ​သေဆုံးခဲ့​သောဒုရဲမှူး ၏အ​ဆောင်အ​ယောင်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-N.L.G.R.F)
(စစ်​ကောင်စီတပ်၊ရဲနှင့်ပျူများစီးလာ​သောကားကို PDF များတိုက်ခိုက်ပြီး​တွေ့ရစဥ်/ ​သေဆုံးခဲ့​သောဒုရဲမှူး ၏အ​ဆောင်အ​ယောင်အချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-N.L.G.R.F)

ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံးပြီးနောက် ခင်ဦးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက အကြမ်းဖက်ဖျက်ဆီးနေပြီး ကိုးတန်းကျောင်းသားတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

စစ်ကောင်စီဘက်မှ ဒုရဲမှူးတစ်ဦးအပါအဝင် ၁၄ဦး သေဆုံးခဲ့သည့် ဖြစ်စဥ်မှာ ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် ဇွန် ၂၂ရက် နံနက်က ဖြစ်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက ယနေ့(ဇွန် ၂၃ရက်)နံနက် ၃နာရီခန့်မှစတင်ကာ ခင်ဦးမြို့နယ် ဗအိုးကျေးရွာကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

“ဗအိုးရွာကို စစ်ခွေးတွေရော ပျူတွေရော ကားနှစ်စီးနဲ့လာတိုက်ခိုက်တာ။ အကြမ်းဖက်တာဗျ။ ဒေသခံတွေ ပြေးလွှားနေကြရတယ်။ကံသစ်ရွာမှာက ကိုးတန်းကျောင်းသား ညီလေးတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားတယ် “ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကံသစ်ကျေးရွာမှ ကိုးတန်းကျောင်းသား မောင်လူမင်းကို စစ်ကောင်စီတပ်ကသေနတ်ဖြင့် ပစ်သတ်သွား​ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ဇွန်လ ၂၂ရက်က တိုက်ခိုက်မှုကို ခင်ဦးနယ်အခြေစိုက် Narapati Local Guerrilla Revolution Force (NLGRF)၊Midland Revolution Force-MRF၊Royal Tiger Gurrrilla Force-RTGFနှင့်အတူ ရောင်နီပျောက်ကြားအဖွဲ့၊မြို့နယ် ပ.က.ဖ အဖွဲ့နှင့် အခြားပြည်သူ့ကာကွယ်ရေး အဖွဲ့များက မြေပြင်မှ တိုက်ခိုက်ခဲ့ကြသလို ဒရုန်းဖြင့်လည်း တိုက်ခိုက်ခဲ့ကြသည်။ MA2 နှင့် G3 အမျိုးအစား​သေနတ် ၁၁လက်ကိုပါ ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းနိုင်ခဲ့သည်။

စစ်ကောင်စီက ယခင်ကထက် စစ်ကြောင်းထိုးလာနိုင်၍ လိုအပ်သော လက်နက်ခဲယမ်းများအတွက် ပြည်သူက ထောက်ပံ့ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။

သတင်း

"ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် "ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

သတင်း

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။