Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်တွင် ကျေးရွာတစ်ရွာသို့ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို လက်ဦးမှုယူတိုက်ခိုက်၊ စစ်သားငါးဦးသေ

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

(ရေတာရှည် PDF မှ တပ်ဖွဲ့ဝင်ချို့)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ကျေးရွာအတွင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်ဦးမှူယူပြီး တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ က ထုတ်ပြန်သည်။

ယမန်နေ့က ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်၊ ဒေါင့်အင်းကုန်းကျေးရွာအုပ်စု၊ ဂွေးသဲကျေးရွာတွင် ဒေသကာကွယ်ရေးတပ်များရှိနေစဥ် စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ဖြင့် ဂွေးသဲရွာဘက်ရောက်လာရာ လက်ဦးမှုယူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန် သည်။

ဂွေးသဲရွာတွင် နယ်မြေစိုးမိုးရေးလုပ်ဆောင်လျက်ရှိရာ သံတောင်မြောက်ပိုင်း အထူးဒေသ ဥက္ကဌဟောင်း ဦးကိုကြီးအဖွဲ့ (NTDF)နှင့် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး ရှားလော့ တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးငါးဦးသေဆုံးကြောင်း ဖော်ပြ သည်။

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

“စစ်ရေးတင်းမာမှုအရ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့အနီးမှာမနေဖို့သတိပေးလိုပါတယ်”ဟု ရေတာရှည် PDF တပ်ခွဲ ၂ မှ ရဲဘော်တစ်ဦးက သတင်းစကားပါးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။

သတင်း

"ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် "ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

သတင်း

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။