Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့စစ်​ခေါင်း​ဆောင်ပစ်ခတ်သုတ်သင်ခံရ​သောသတင်း Love Reactပေး၍ဆိုကာစစ်​ကောင်စီက ပြည်သူတစ်ဦးအားဖမ်းဆီး

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။

(ဥက္ကံPDF ၏သတင်းထုတ်ပြန်ချက်)
(ဥက္ကံPDF ၏သတင်းထုတ်ပြန်ချက်)

ဥက္ကံမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်ကို သုတ်သင်ခဲ့သည့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ လွတ်မြောက်နယ်မြေသို့ ရောက်ရှိကြောင်း သတင်းထုတ်ပြန်မှုအား love react ပေးသည့် မြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ယမန်နေ့ကဥက္ကံမြို့၊ ကင်းမတီးအလယ်ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် အောင်မိုးအား ဥက္ကံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ဥက္ကံPDF) ကပစ်ခတ်ရှင်းလင်းပြီးနောက် ရဲဘော်များ လုံခြုံဘေးကင်းရာသို့ရောက်ရှိပြီဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာယင်း Post အား Aye Thin အကောင့်ပိုင်ရှင်မှ Love React ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို Love React ​ပေး၍ဆိုကာဥက္ကံမြို့မင်းရဲကျော်စွာရပ်ကွက်၊သုဓမ္မာလမ်းတွင်နေထိုင်သော Aye Thin ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်အမျိုးသမီးအား အ ကြမ်းဖက်စစ်ကောင်စီတပ်မှ ယမန်နေ့(ဇွန် ၂၂)ည ၁၂ နာရီကျော်တွင် နေအိမ်သို့သွားရောက်ဖမ်းဆီးသွားကြောင်း ပြည်သူမှသတင်း ပေးပို့လာခြင်းဖြစ်သည်ဟု ဥက္ကံ PDF က ပြော သည်။

“မဆိုင်တဲ့ ပြည်သူတွေကို ဖမ်းစရာမှ မလိုတာ။ သူတို့(စစ်​ကောင်စီ)ဖိလို့ရတဲ့နယ်မြေမို့လို့ ပြည်သူတွေကို အကြောက်တရားထည့်နေတာ”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အောင်မိုးသည် ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်း​သေချာစုံစမ်းအတည်ပြုပြီးမှပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)က သတင်ထုတ်ပြန်သည်။

ထိုအပြင် ဥက္ကံမြို့တွင် စစ်​ကောင်စီ​ထောက်တိုင်များကို ပိုမိုရှင်းလင်းသုတ်သင်​တော့မည်ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

“ကျွန်တော်တို့ အချိန်ဆွဲပြီး ဘာလုပ်ဆောင်မှု မလုပ်လေလေ မြန်မာပြည်သူတွေ ပိုသေဆုံးလေ လေ၊ ဒုက္ခပိုခံရလေလေ” ဟု ၎င်းက ဆက်ပြောသည်။

သတင်း

"ရှမ်းကုန်းလမ်း တစ်လမ်းလုံးကို ရဲ၊ စစ်သားတွေ အသင့်အနေအထားနဲ့ စောင့်နေပြီး ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ အနားက CCTV တွေကိုလည်း စစ်ဖို့ လုပ်နေတယ် ကြားပါတယ် "ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

သတင်း

ထိုတိုက်ပွဲတွင်ရန်သူဘက်မှပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ တော်လှန်ရေးပူး ပေါင်းတပ်မှ ရဲဘော်တစ်ဦး၏ ခြေထောက်အနည်းငယ်ဒဏ်ရာရသည်မှလွဲ၍အောင်မြင်စွာတပ်ဆုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။