Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို ဩစတြေးလျသပိတ်မှောက်

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)
(၂၀၂၁က ပြုလုပ်သည့်​ဆွေး​နွေးပွဲအား ​တွေ့ရစဥ်)

အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာနှင့် ရုရှားပူးတွဲကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့်မိတ်ဖက်နိုင်ငံများအစည်းအဝေးကို ဩစတြေးလျက သပိတ်မှောက်ခဲ့သည့်အပေါ် ကြို ဆိုကြောင်း Justice for Myanmar က ယနေ့ထုတ်ပြန်သည်။

လာမည့်ဇူလိုင်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပါဝင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

အထက်ပါနိုင်ငံများ၏ ပါဝင်မှုသည် အပြည့်အ၀ အပြစ်ပေးခြင်းမှကင်းလွတ်ခွင့်ရနေခြင်းနှင့်အတူ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်မှုများကျူးလွန်နေဆဲ မြန်မာစစ် တပ်ကို အားပေးအားမြှောက်ပြုခြင်းဖြစ်လာစေနိုင်ကြောင်း JFM က သုံးသပ်သည်။

ထို့အတွက် ဩစတြေးလျနှင့် အခြားသော အာဆီယံဆွေးနွေးဘက်နိုင်ငံများသည် မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို အစည်းအဝေးနှင့် အခမ်းအနားအားလုံးသို့ ဖိတ်ကြားနေမှုအား ရပ်တန့်ရန် အာဆီယံကို တွန်းအား ပေးရမည်ဖြစ်ပြီး စစ်ကောင်စီပါဝင်သည့် အစည်းအဝေးများကို သပိတ်မှောက်ရမည်ဟု JFM က တောင်းဆိုသည်။

တဖက်တွင် ဩစတြေးလျသည် မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် အကြမ်းဖက်မှုများကိုတုံ့ပြန်ရန် မည်သည့်အရေးယူပိတ်ဆို့မှုကိုမျှ လုပ်ဆောင်ထားခြင်းမရှိ သေးပေ။

မြန်မာစစ်တပ်နှင့် ၎င်း၏ စီးပွားရေးအကျိုးအမြတ်များကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် ဩစတြေးလျအစိုးရကို JFM က တိုက်တွန်းသည်။

“မြန်မာစစ်အုပ်စုကို ဖျက်သိမ်းပစ်ရမည်”ဟု JFM က တောင်းဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

နိုင်ငံတကာ

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက်...

သတင်း

အာဆီယံ ကာကွယ်ရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖနွမ်းပင်မှာ ဇွန်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးလည်းတက်ရောက်ခဲ့ပါတယ်။

သတင်း

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

သတင်း

KNPPသည် လူထုနှင့်တသွေးတသားတည်းရှိနေပြီး လူထုအတွက် ပေါ်ပေါက်လာ သည့် တော်လှန်ရေးတာဝန်တစ်ရပ်ကို လူထုကိုယ်စား တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောကြားခဲ့သည်။