Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စု၏ ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးသူ ၉၅ ဦးရှိဟု AAPP ထုတ်ပြန်

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)
(အင်းစိန်​ထောင်ကို အ​ပေါ်စီးမှမြင်ရပုံ။ ဓါတ်ပုံ-Getty Images)

အကြမ်းဖက်စစ်အုပ်စု၏ ညှဥ်းပန်းနှပ်စက်သတ်ဖြတ်မှုကြောင့် စစ်ကြောရေးတွင်သေဆုံးခဲ့ရသူ ၉၅ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP) က ယနေ့(ဇွန် ၂၆)တွင် ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် AAPP အပါအဝင် အရပ်ဖက်လူ့အဖွဲ့အစည်း ၁၄ ဖွဲ့ပူးပေါင်းထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။

စစ်အာဏာလုမှုကို ဆန့်ကျင်သောသူများအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကိုပါ စစ်အုပ်စုကအသုံးပြု၍ စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်လျက်ရှိသည်ဟု ထောက်ပြသည်။

အထက်ပါအထိမ်းအမှတ်နေ့၏ ယခုနှစ်ဆောင် ပုဒ်မှာ “ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ်၊ ပြစ် ဒဏ်ပေးခြင်း ကင်းလွတ်ခွင့်ရဓလေ့အား အ ဆုံးသတ်”ဖြစ်ပြီး စစ်အုပ်စုနှင့် အခြားလက် နက်ကိုင်အင်အားစုများ၏ ပြည်သူများအပေါ် ရက်စက်စွာညှဥ်းပန်းနှိပ်စက်ခြင်းတို့ကို ချက် ချင်းရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

ယနေ့သည် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာရက်စက်မှု(သို့မဟုတ်) လူ့ဂုဏ်သိက္ခာနှင့် မလျော်ညီစွာပြုကျင့်ခံရမှု(သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့ကိုဆန့်ကျင်သည့် ကုလသမဂ္ဂ သဘော တူစာချုပ် အသက်ဝင်လာသောနေ့လည်းဖြစ်ပြီး အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးရန် နိုင်ငံတကာဥပဒေတစ်ခုအဖြစ် ပေါ် ထွက်လာခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ရပ်လည်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ဤနိုင်ငံတကာသဘောတူ စာချုပ် သည် မြန်မာနိုင်ငံမှ ပြည်သူများကို အကာအ ကွယ်မပေးနိုင်ဘဲ အကြမ်းဖက်အာဏာလုစစ်အုပ်စုက မြန်မာပြည်သူလူထု၏ ဘဝနှင့် ဂုဏ် သိက္ခာများကို ကြိမ်ဖန်များစွာ ရက်ရက်စက် စက် ညှဉ်းပန်းနှိပ်စက် မှုများကျူးလွန်ကာ ချိုးဖောက်ဖျက်ဆီးလျက် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စုဟာ ဖမ်းဆီးခံရသူတွေကို သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာမလုပ်ခင် လက်စားချေလိုမှု ၊သတင်းအချက်အလက်ရယူလိုမှု စတဲ့အကြောင်းရင်းတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို လုပ်ရိုးလုပ်စဉ်အလေ့အထအဖြစ်လုပ်ကိုင်နေကြတယ်လို့လည်း AAPPက ဆိုပါတယ်။

သတင်း

အမျိုးသား ၂ဦးစီးနင်းလာတဲ့ဆိုင်ကယ်နောက်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ဆိုင်ကယ်နဲ့လိုက်လာပြီးပစ်ခတ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဒေသခံအချို့ကပြောပါတယ်။

သတင်း

"ဒေါငံခါး နဲ့ ကုန်းသာ မှာက မနက် အစောက တည်းက နေ နေ့လည် ၂ နာရီခွဲအထိ ဖြစ်တာ။သူတို့ ဘက်က ရဟတ်ယာဥ် နဲ့ နှစ်ကြိမ် ကင်း ထောက်တယ်။ပစ်ကူ တော့ ပေးမသွားဘူး။ရဲစခန်း နဲ့ ၁၀၂ တပ်မှာတော့ မိနစ်ပိုင်း...

သတင်း

"နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ နတ်ကြီးစခန်းက လက်နက်ကြီးသုံးချက်ပစ်တယ်။ တစ်နာရီကျော်မှာတစ်ချက်ပစ်တယ် အားလုံးပေါင်း လေးချက်ပစ်တယ်။ နောက်ဆုံးတစ်ချက်က ဆရာမအိမ်ဘေးကျပြီး ပေါက်ကွဲခဲ့တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။