Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်းတပင်မြို့နယ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းကို KNLA/PDF တိုက်ခိုက်၊ စစ်ကောင်စီတပ် ​လေးဦးသေ

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ - Taw Oo Karen News

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂) တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ​လေးဦးသေဆုံးခဲ့ကြောင်း KNU/ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း အဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

“မနေ့ညတုန်းက ထန်းတပင်မြို့နယ် နတ်ရွာကျေးရွာမှာ ကင်းလှည့်နေတဲ့အဖွဲ့ကို ကျွန်တော်တို့ KNLAရယ် PDFရယ် ပူးပေါင်းအဖွဲ့ကနေ သွားရောက် တိုက်ခိုက်တာ စစ်ကောင်စီတပ်က ​လေးယောက် သေတယ်”ဟု ၎င်းက ပြောကြားသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲမှာ ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး KNU/PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အဆိုပါ ရဲဘော်က ပြောကြားသည်။

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများ၊ စစ်ယာဉ်တန်းမျာကို KNU/PDF ပူးပေါင်းတပ်က မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

သတင်း

ထူးကြီးကျေးရွာထိပ်တွင် ဆိပ်ခွန်တိုက်နယ်(၂) ကာကွယ်ရေးအဖွဲ့များနှင့် ပထမတစ်ကြိမ်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်မှ အင်အား ၉၀ကျော်ပါ စစ်ကြောင်းသည် ဇွန်လ ၂၅ရက် နေ့လည်ပိုင်းတွင် ထီးလင်းမြို့နယ် တောရောင်းရွာမှ ထလင်းရွာဘက်သို့ ထွက်လာ၍ ချင်းတောင်ဘက်သို့ ထွက်လာ၊မထွက်လာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်​ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကျေးရွာများအပြင် ကုန်းပိုင်းကျေးရွာများကိုလည်း ဝင်ရောက်ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးမှုများပြုလုပ်နေသည်။