Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးPDFက စစ်တပ်ထုတ်မြန်မာဘီယာဖာ၁၀၀ဖာနီးပါးကိုဖမ်းဆီးဖျက်ဆီး

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB
စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB

တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမတွင် ၊ ကုန်တင်ကားဖြင့်သယ်လာ​သော စစ်​ကောင်စီတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀ ခန့်ကို တမူး​မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တပ်ရင်း (၃) က ယ​နေ့ည​နေတွင် ဖျက်ဆီးခဲ့​​​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များမှသိရသည်။

ဇွန် ၂၀ရက် ည​နေ ၆နာရီဝန်းကျင်တွင်အာရှလမ်းမကြီး​ပေါ်ရှိ နန်မွန်းထားရွာရှေ့တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ အား တမူး PDF တပ်ရင်း ၃ က ဖမ်းဆီးဖျက်ဆီးခဲ့ခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေး​နေ​သော Just you Tamu ​ဖေစ်ဘွခ်စာမျက်နှာက​ဖော်ပြထားသည်။

စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB
စစ်တပ်ထုတ် မြန်မာဘီယာပုလင်းများကိုတမူးPDFကဖျက်ဆီး​နေစဥ် ။ ။ဓါတ်ပုံ-Just You_TAMU FB

ဖမ်းဆီးရမိ​သော မြန်မာဘီယာဖာများကို ​မြေပြင်တွင်တန်းစီချ၍ အ​ပေါ်မှကုန်တင်ကား​မောင်း၍ ဖျက်ဆီးလိုက်သည်ကိုသတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

​ဒေသတွင်း PDFများအား​ကောင်း​သောစစ်ကိုင်းတိုင်းတွင် စစ်တပ်ထုတ်ကုန်များသယ်​ဆောင်​ရောင်းချခြင်းမပြုရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး သယ်​ဆောင်ရောင်းချပါက PDFများကသတိ​ပေးကာဖမ်းဆီးဖျက်ဆီး​လေ့ရှိသည်။

တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်​​ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီး​ခဲ့သည်။နယ်​မြေစိုးမိုးရးအတွက် တမူး-က​လေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်​ဆေး​လေ့ရှိသည်။

ဇွန်လဆန်းတွင် တမူးသို့စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်နှင့် တမူး PDF/ABSDF ပူး​ပေါင်းတပ်တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇွန် ၁၉ ရက်)နေ့လည် ၁ နာရီခန့်က လွယ်ပေါကျေးရွာနှင့် ဆောင်နန်းခဲရွာကြားတွင် လဟယ်ကျေးရွာ၊မခေခမ်းကျေးရွာနှင့် လွယ်ပေါကျေးရွာတို့မှ ​ဒေသခံပြည်သူများစစ်ရှောင်နေချိန် ကိုင်းရှည် လယ်ယာလက်တွန်းထွန်စက်များနှင့်ပစ္စည်းများကို စစ်ကောင်စီနှင့် PNO တို့က ဒန်ဘာကား သုံးစီးဖြင့် ခိုးယူခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီ၏ သောင်းကျန်းသူများသည် ညောင်ပင်တဲကျေးရွာမှ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူဆောင်သွားပြီး ချောင်းဦးမြို့နယ်၊ ရွာတော်လေးကျေးရွာသို့ ရောက်ရှိသွားကြောင်း၊ ထိုမှတဆင့် မည်သည့်ကျေးရွာသို့ ဆက်လက်ထွက်ခွာမည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

NUGသည် အကြမ်းဖက်မှု ကျူးလွန်ခံရသူများ၏ တရားမျှတမှုကို ရရှိစေရေးအတွက် တရားဥပဒေလမ်းကြောင်းအားလုံးကို အသုံးပြုဆောင်ရွက်ကြိုးပမ်းသွားရန် ကတိပြုထားသည်။

သတင်း

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။