Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မြိုင်(ပကဖ)အဖွဲ့သည် ဇွန်လ၁၈ရက်ကလည်း ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခါလာဝယ်သော ပျူစောထီး လေးဦးပါ HIJETကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ပျူ သုံးဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

(မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)
(မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းက စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပြေးဝင်ခိုအောင်းသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ၂၆ရက်) ညနေ၅နာရီခန့်က မြိုင်မြို့နယ်၊ နယ်သတ်ကျေးရွာအနီးသို့ ခန့်မှန်းအင်အား ၃၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား မိုင်း လေးလုံး၊ ရှေ့ထွက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းထိပြီးနောက် အကြမ်းဖက်စစ်သားအချို့ လဲကျသေဆုံးမှုများရှိပြီး ဒဏ်ရာရသူများအား နယ်သတ်ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တွဲခေါ်သယ်ယူသွားသ​ည်ဟု မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မြိုင်(ပကဖ)အဖွဲ့သည် ဇွန်လ၁၈ရက်ကလည်း ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်အတွက် ရိက္ခါလာဝယ်သော ပျူစောထီး လေးဦးပါ HIJETကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ပျူ သုံးဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။

သတင်း

လက်နက်နှင့်အတူ ပြည်သူ့ဘက်ကို လာရောက်ပူးပေါင်းပါက အနိမ့်ဆုံး သိန်း ၂၀မှ စ၍ လက်နက်အမျိုးအစား အလိုက် ထိုက်တန်သော ဆုကြေးငွေများ ထပ်လောင်းပေးအပ်သွားမည်ဖြစ်ကြောင်း KNDO တပ်ရင်း(၄)က ကြေညာသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။

သတင်း

ဇွန်လ၂၅ရက် နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ - မန္တလေးလမ်းမကြီး၊ စစ်ကိုင်း - မြင်းမူ - မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်းမလုပ်ကြရန် ဒေသတွင်းအဖွဲ့များက သတိပေးထားသည်။