Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ် ကွမ်းတောရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို စစ်​ကောင်စီတပ် သတ်ဖြတ်

“အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)
(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)

​▪️​ကျေးရွာ​ရေရရှိ​ရေးအသုံးပြုထား​သော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွား

မကွေးတိုင်း၊ မြိုင်မြို့နယ် ကွမ်းတောရွာတွင် စစ်​ကောင် စီတပ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာရေရရှိ​စေရန် ကျပ်သိန်း ၅၀ကျော်တန်ဖိုး အသုံးပြုထား​သော ဆိုလာပြားများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ကွမ်းတောရွာတွင် ယမန်နေ့(ဇွန်လ၁၉ရက်)က တပ်စွဲထားသော စစ်​ကောင်စီတပ်သည် ရွာသူ၊ရွာသား ၃၀ခန့်ကို ဓါးစာခံအဖြစ် ဖမ်းဆီးပြီး PDF စခန်းများအား လိုက်ပြခိုင်းကြောင်း၊ ထို့နောက် ဖမ်းဆီးခံထားရသည့် ကျေးရွာပြည်သူများအနက် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MVRF)
(မြိုင်နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာမှ နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – MVRF)

ယမန်နေ့ကလည်း ကွမ်းတောရွာအရှေ့ဘုန်းကြီးကျောင်းကို ဖျက်ဆီးပြီး ရေပေးဝေသည့် ဆိုလာပြားများအား ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။

“အဲဒီရွာမှာ အရင်က ရွာထဲကိုမော်တာနဲ့ ရေပေးဝေတာ။ နောက်တော့ မီးမလာလို့ ရွာကစုပြီး ဆိုလာပြား သိန်း၅၀ ဖိုးလောက်ဝယ်ပြီး ဆိုလာနဲ့ ရွာထဲ ရေပေးဝေရေးလုပ်နေတာ။ အဲဒါတွေကို ဖျက်ဆီးသွားတယ်လို့ သိရတယ်။”ဟု မြိုင်နယ်ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ဇွန်လ ၁၅ ရက် နှင့် ၁၆ ရက်များက မြိုင်မြို့နယ်​မြောက်ပိုင်းရှိ​ ကျေးရွာနှစ်ရွာမှ ​နေအိမ် ၁၃ဝကျော်ကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာ သုံးရွာမှ ​ဒေသခံပြည်သူလေးဦးကိုလည်း အ​ကြောင်းမဲ့သတ်ဖြတ်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။

သတင်း

ဇွန်လ ၁၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် ကန်နီရွာပျူများပေါင်းကာ ကန်နက်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ တစ်ရွာလုံး အိမ်ပေါင်း ၁၂၀ ကျော်ပြာကျခဲ့ကြောင်းဒေသခံများကပြောသည်။

သတင်း

နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်​​ထောင်စု ၁၀၉စု၊​နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၌ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်ဆောင်သည့် ကာလအတွင်း စစ်ကောင်စီတပ်သားများ၏ ရက်စက်ကြမ်းကြုတ်မှုများကို သိသာပေါ်လွင်စေသည့် ဓာတ်ပုံနှင့် ဗွီဒီယို မှတ်တမ်း ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။