Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်တပ်က ရေစကြိုနယ် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ဖျက်ဆီး၊ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)
(သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၀ရက်က မီးရှို့​ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - UWaiyan Naing)

မကွေးတိုင်း ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ယမန်နေ့ ညမှာ ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

ဇွန်လ ၉ရက်က ရေစကြိုနယ် ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ရေစကြိုနယ်ကို ထိုးစစ်ဆင်မှု၊ ရွာမီးရှို့မှုများပို၍ ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၀ရက်တွင် သစ်ကြီးတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့၍ နေအိမ် ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရကြောင်းဒေသခံက ပြောသည်။

လက်ရှိအချိန်ထိ ရေစကြိုနယ်တွင် စစ်ကောင်စီတပ်များထိုးစစ်ဆင်ခြင်း ၊ စစ်ရေးအင်အားဖြည့်တင်းခြင်းများ ဆက်လုပ်နေပြီး ဇွန်လ ၂၈ရက်ညပိုင်းတွင် သစ်ကြီးတောရွာကို ထပ်မံမီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်တစ်ခါက အရှေ့ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ အခုကတော့ အနောက်ဘက်ခြမ်းက အိမ်တွေကို မနေ့က ရှို့နေတာ။ အိမ်ခြေ ဘယ်လောက်ဆိုတာတော့ မသိရဘူး။ ပြည်သူတွေလည်း တစ်ယောက်မှ မရှိဘူး။ အရင်တစ်ခါဖြစ်ပြီး ပြန်ဝင်နေကြတာကို မနေ့က စစ်ကြောင်းက ပြန်ထိုးလာလို့ရှောင်နေကြရတာ”ဟု ရေစကြို ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဟာ ရေစကြို ရေလယ်ကျွန်းဒေသမှာလည်း စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိကြောင်း၊ လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရေစကြိုဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လယ်ဒိုမြို့နယ် ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ဒေသတွင်းနဲ့ နေရာအနှံ့က အမျိုးသမီးထုတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ဆောင်နေမှုအပေါ် တထောင့်တနေရာကနေ ၀ိုင်းဝန်ပါဝင်ဆန့်ကျင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသည့်အပြင် ရေစကြိုမြို့ပေါ်နှင့်ကုန်းပိုင်းဒေသများတွင်ပါ အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်များက ယခုရက်ပိုင်းအတွင်း အင်းတော်-ဗန်းမောက် လမ်းပိုင်းအပါအဝင် လမ်းပိုင်းအများစု ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

သတင်း

အထူးသဖြင့်ခုခံတွန်းလှန်စစ်အား​ကောင်းတဲ့​ဒေသ​တွေကိုအကြမ်းဖက်စစ်တပ်က ရက်ရက်စက်စက်မီးရှို့ဖျက်ဆီး​​​နေတာဖြစ်ပြီး စစ်ကိုင်းတိုင်က​နေအိမ်အ​ဆောက်အအုံး​ပေါင်း ၁၃,၈၄၀ လုံးနဲအများဆုံပါ။