Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေသခံ တစ်သောင်းကျော်ထွက်ပြေးနေရတဲ့ အခြေအနေနဲ့ လက်နက်ကြီးနဲ့ပစ်နေတဲ့ စစ်တပ်ကို ဒေသခံအဖွဲ့စည်းတွေက ရှုံ့ချ

လယ်ဒိုမြို့နယ် ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ဒေသတွင်းနဲ့ နေရာအနှံ့က အမျိုးသမီးထုတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ဆောင်နေမှုအပေါ် တထောင့်တနေရာကနေ ၀ိုင်းဝန်ပါဝင်ဆန့်ကျင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတဲ့ ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းက ကျေးရွာတွေအခြေအနေနဲ့ပတ်သက်လို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးနဲ့ အမျိုးသမီးအစည်းအရုံးတို့က သဘောထားကြေငြာချက်ထုတ်ပြန်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒိုမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့လို့ ကျေးရွာ(၁၂)ရွာက ဒေသခံပြည်သူ(၁၀၅၂၆)ဦးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရပြီး အခြားကျေးရွာကပြည်သူတွေဟာလည်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ လယ်ဒိုမြို့နယ်ကရင်လူငယ်အစည်းအရုံးရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ လက်ရှိအခြေအနေဟာ လူမှုဒုက္ခအ၀၀ကို ရင်ဆိုင်နေရပြီး လူမှုဘ၀လုံခြုံမှုကင်းမဲ့ကာ စစ်ကောင်စီရဲ့လုပ်ရပ်ကိုရပ်တန့်နိုင်ဖို့နဲ့ ပြည်သူလူထုရဲ့လူမှုဘ၀လိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ ဒေသတွင်းမှာ အခြားလူငယ်တွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မှန်သမျှကို ရပ်တန့်ဖို့နဲ့ လူထုရဲ့လူမှုဘ၀လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒေသအသီးသီးက ကရင်လူထုအပါအဝင် အခြားလူငယ်ထုတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်ပေးကြဖို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူလူထုကိုကာကွယ်ပေးဖို့ ကတိသစ္စာပြုထားတဲ့အပေါ် ကတိသစ္စာနဲ့ ဆန့်ကျင်တဲ့ အမိန့်ညွှန်ကြားချက်မှန်သမျှကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ လယ်ဒိုမြို့နယ် ကရင်လူငယ်အစည်းအရုံးက တိုက်တွန်းထားပါသေးတယ်။

လယ်ဒိုမြို့နယ် ကရင်အမျိုးသမီးအဖွဲ့အစည်းကလည်း စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး ဒေသတွင်းနဲ့ နေရာအနှံ့က အမျိုးသမီးထုတွေအနေနဲ့ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ဆောင်နေမှုအပေါ် တထောင့်တနေရာကနေ ၀ိုင်းဝန်ပါဝင်ဆန့်ကျင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိ ခိုက်သေဆုံးမှုအခြေအနေအား မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း မှော်ဘီတော် လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

သတင်း

လက်ရှိအခြေအနေမှာ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ဆက်ဆံရေးအဆင်မပြေဘဲ တင်းမားသည့်အခြေအနေတွင်ရှိ၍ ပစ်ခတ်တိုက် ခိုက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအ​နေဖြင့် ကျည်ကွယ်၊ မျက်ကွယ်တွင် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထား သည်။

သတင်း

ယင်းမာပင်မြို့နယ်တွင်ဇွန်လ ၂၃ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို စစ်ကျွန်မခံမြွေဆိုးတသိုက်(PDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ငါးဦးသေဆုံးခဲ့ကြောင်းရွှေတြိဂံတပ်ရင်း(GTF)က ထုတ်ပြန်ထားသည်။

သတင်း

လက်ရှိစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူသားမဆန်တဲ့လုပ်ရင် အကြမ်းဖက်လုပ်ရင် ဖက်ဆစ်ဆန်တဲ့စစ်အာဏာရှင်လုပ်ရပ်ကို ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်ခြင်းလုံး၀မရှိပဲ အတိအလင်းကန့်ကွက်ရှုံ့ချတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။