Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်တွင် ဇွန်လအတွင်းစစ်​ကောင်စီတပ်သား ၂၅ ဦး​သေ

(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)
(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)

ဇွန်လအတွင်း ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၂၅) ဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့(ဇူလိုင် ၁ ရက်)တွင် ထုတ် ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်းကရင်နီပူးပေါင်းတပ်များမှလက်နက်ငယ် (၁၃) လက်သိမ်းဆည်းရမိခဲ့ကြောင်းလည်း အသိပေးသည်။

သို့သော်အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့မှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် (၁၂) လုံး နှင့် ဘာသာရေးအဆောက်အဦး (၂)လုံးပျက်စီးခဲ့သည်ဟုဆိုသည်။

(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)
(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာမှုကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များအတွင်းခြေကုပ်ယူတပ်စွဲထားသောအကြမ်း ဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များ၊ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့အတူ ဖယ်ခုံမြို့နယ်တွင်လည်းအကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိပြီး မိုးဗြဲမြို့အနီး ဝါရီဆူဖလှိုင်ကျေးရွာတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNDF ကပြောသည်။

ဇွန်လ (၁၅) ရက်နေ့တွင် ဖရူဆိုမြို့နယ်ထီးပေါ်ဆိုနှင့် ဒေါညေးခူတို့တွင်စစ်ကောင် စီတပ်များမှစစ်ကြောင်းထိုးလာသဖြင့်တိုက်ပွဲများပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲများအတွင်းအကြမ်းဖက်စစ်ကာင်စီတပ်မှဒေါညေးခူဘုရားကျောင်းနှင့်ဘုန်းတော်ကြီးနေအိမ်တို့အားမီးရှို့ဖျက်ဆီးခဲ့သည်။

(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)
(ဇွန် ၁၂ ရက်က ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှသိမ်ဆည်းရမိခဲ့သောလက်နက်များနှင့် ကရင်နီ​ဒေသဇွန်လတိုက်ပွဲများအ​ခြေအ​နေ ။ ။ဓါတ်ပုံ-KNDF)

ဇွန် ၂၅ ရက်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်၊ ကုန်းသာ၊ ပူဖားကျေးရွာနှင့် သေးဆူလဲ ကျေးရွာမျာအးတွင်း ခြေကုပ်ယူတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲ တိုက်ခိုက်ခဲ့သည်။

ထိုစစ်ဆင်ရေးမှာ (၈) နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ပေ။

ဇွန် ၃၀ ရက်၌ လွိုင်ကော်မြိုနယ်၊ လောပိတ အ မှတ် (၂) သင်္ဘောပင်စခန်းနှင့်ဓါတ်ဦးပွင့် ဘုရားကျောင်း အကြား ဖြတ်သန်းသွားနေသော အ ကြမ်းဖက်စစ်ကောင်စီ ၏ ထောက်ပို့ယာဥ်တစ်စီးအား၊ KNDF မှ တိုက်ခိုက်ခဲ့ရာ၊ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ယာဥ်အတွင်းလိုက် ပါစီးနင်းလာသော စစ်ကောင်စီတပ်၏ တပ်ရေးဗိုလ်ကြီး နှင့် တပ်ကြပ်ကြီး အဆင့်ရှိသူ(၂)ဦး အပါအဝင် စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး KNDF မှ ပစ္စတို သေနတ်တစ်လက်နှင့် ကျည်
အချို့သိမ်းဆည်းရမိခဲ့သည်။

ဇွန် ၂၈ရက်တွင်လည်းလွိုင်လင်လေးမြို့အနီးတွင်စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၂၉ ရက်နေ့ အထိ လက်နက်ကြီးများဖြင့် နှစ်ဖက် အပြန်အလှန် ပစ် ခတ်မှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like