Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာအပါအဝင် အာဆီယံ ၅ နိုင်ငံကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သွားရောက်မည်

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ ။ ဓါတ်ပုံ-ဆင်ဟွာ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီ ။ ဓါတ်ပုံ-ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၃ မှ ၁၄ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားဝင်ခရီးစဉ်သွားရောက် မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိခွင့်ရှိသူက ယနေ့ ကြေညာသည်။

ဝမ်ယိသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၇ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်မည်ဖြစ်ပြီး အင်ဒိုနီးရှား၏ ဖိတ်ကြားချက်အရG20 နိုင်ငံခြားရေးဝန်ကြီးများ ကွန်ဖရင့်ကိုတက်ရောက်မည်ဟု တရုတ်အစိုးရပိုင် CGTN သတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ယခုတကြိမ်မြန်မာနိုင်ငံခရီးစဉ်သည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်၏ထိပ်တန်းအစိုးရတာဝန်ရှိတစ်ဦးပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပုဂံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ပုဂံ-ညောင်ဦးလေဆိပ်လမ်းမပေါ်ရှိ Heritage Bagan Hotel ၌ တည်းခိုမည်ဟု စစ်​ကောင်စီတပ်တွင်းသတင်းရင်းမြစ်တ​စ်ခုကပြောသည်။

ဝမ်ယိသည် အဆိုပါအစည်းအဝေးတက်ရောက်ရန် ပုဂံသို့ လာရောက်မည်ဖြစ်သော်လည်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်ဖြစ်၊ မဖြစ်ကိုမူ မသိရသေးပေ။

အကြမ်းဖက်စစ်ကောင်စီ ဦးဆောင်ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး၀န်ကြီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ဆန္ဒကို ချိုးဖောက်ကျူးလွန်ခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီကနေတဆင့်ဖြတ်သန်းသွားမယ့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတာနဲ့ စစ်ကောင်စီနယ်မြေစိုးမိုးမှု ပိုရအောင် အားပေးရာရောက်တယ်လို့ဝေဖန်တာတွေလည်းရှိနေပါတယ်။

သတင်း

“အခုဆိုရင် ဝမ်ယိက မြန်မာပြည်ထပ်လာပြီးတော့ ကွန်ဖရန့်တွေ၊ စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ပဲ စဉ်းစားတယ်ဆိုတာ ကျွန်မတို့ နိုင်ငံက ပြည်သူတွေကို ဗြောင်ကျကျ စော်ကားလိုက် တယ်လို့ပဲ မြင်ပါတယ်” ဟု မသဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတို့ ဇွန် ၂၈ ရက်ကတွေ့ဆုံစဉ် ဆိုးရွားနေသည့်မြန်မာနိုင်ငံအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်း ထည့်သွင်းဆွေးဆွေးခဲ့သည်။