Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ
ကိုလံဘီယာမှာ ထောင်ဆူရာက အကျဉ်းထောင် မီးလောင်ပြီး ၅၁ ဦးသေ

ကိုလံဘီယာ နိုင်ငံမှာ ထောင်ဆူရာက အကျဉ်းထောင် တစ်ခုလုံးကို မီးကူးစက် လောင်ကျွမ်းပြီး ၅၁ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး တီတို ကက်စတယ်လာနို့စ်က တူလူအာမြို့မှာ ဖြစ်ခဲ့တဲ့ ဇွန်လ ၂၈ ရက် မီးလောင်မှုမှာ သေဆုံးသူ အားလုံးဟာ အကျဉ်းသားတွေ ဟုတ်မဟုတ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ အစောပိုင်းမှာ သူက အလောင်း ၄၉ ခု ရှာတွေ့ခဲ့တယ်လို့ ပြောပေမယ့် နောက်ပိုင်းကျတော့ အကျဉ်းဦးစီး ဌာနက အသေအပျောက် ၅၁ ဦးလို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ လူပေါင်း ၂ ဒါဇင်နီးပါးလောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ အကျဉ်းထောင်ဟာ လုံခြုံရေး အလယ်အလတ် အဆင့်လောက် ထားရှိ သတ်မှတ်ထားတဲ့ နေရာပါ။ မနက်အစောပိုင်းက ထောင်ထဲမှာ အကျဉ်းသားတွေ ဆူပူ ပုန်ကန်ကြရာက မီးစတင် ကူးစက်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ကက်စတယ်လာနို့စ်က ဆိုပါတယ်။ အကျဉ်းသားတွေဟာ နောက်ထပ် ဖြစ်လာမယ့် အကျိုးဆက်တွေကို မစဉ်းစားဘဲ အိပ်ရာတွေကို မီးတင်ရှို့ခဲ့ကြတာလို့ သူက စွပ်စွဲပါတယ်။

တရားရေးဝန်ကြီး ဝီလ်ဆန်ရုဇ်ကလည်း အကျဉ်းသား ၂၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေမှာ ကုသမှု ခံယူနေရကြောင်း ပြောပါတယ်။ ထောင်စောင့် ဝန်ထမ်းနှစ်ဦးလည်း အသေးစား ဒဏ်ရာတချို့ ရခဲ့ကြောင်း သိရပါတယ်။

ကိုလံဘီယာ သမ္မတ အိုင်ဗန်ဒူကေးက မီးလောင် သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုနဲ့ထပ်တူ နာကျင် ဝမ်းနည်းကြောင်း ကြေညာခဲ့ပြီး ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှု အရှိဆုံး ဖော်ထုတ် စုံစမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ နိုင်ငံရဲ့ ခေတ်သစ် သမိုင်းမှာ အဆိုးရွားဆုံး အကျဉ်းထောင် အသေအပျောက် ကိစ္စတစ်ခု အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ အကျဉ်းထောင်မှာ ထောင်ဝင်ဆံ့တဲ့ ဦးရေထက် အကျဉ်းသားတွေ အများအပြား ပိုမို ထားရှိ ထိန်းသိမ်းထားကြောင်းလည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မီးလောင်ကျွမ်းသည့် အကြောင်းအရင်း အတိအကျကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီတပ်သည် ထီးလင်းမြို့နယ်မှတစ်ဆင့် မင်းတပ်မြို့နယ်သို့ ဝင်ရောက် စစ်ရေးလှုပ်ရှားစဉ် မင်းတပ် CDF ကင်းအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း

ပင်းတယ - ရပ်စောက်လမ်းမှ ပင်းတယမြို့အထွက် မြောက်ကျောင်းကြီးရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နံနက် ၁၀နာရီခန့်တွင် လျှပ်တပြက်တိုက်ခိုက်ခဲ့​ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီတပ်ကို ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF) ၊ Dawei Southern Defense Force၊ People Defense Guerrilla Force( TYC)၊ Fighting For Freedom Force(ထားဝယ် ပကဖ) နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။