Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ဂိတ်စခန်းငယ် တိုက်ခိုက်သိမ်းပိုက်ခံရ၊ စစ်ကောင်စီတပ်သားများ လက်နက်ချ အညံခံ

“ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။

KNU တပ်ဖွဲ့ဝင်များ ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNU
KNU တပ်ဖွဲ့ဝင်များ ​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ဂိတ်စခန်းငယ်တစ်ခုကိုယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုသည်။

KNU တပ်မဟာ(၃) ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်ခွဲရှိ အောင်းလောင်းစိန် စစ်ကောင်စီတပ်စခန်းငယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်စခန်းမှ တပ်ဖွဲ့ဝင် ၇ဦးက လက်နက်ချ အညံ့ခံခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက သတင်းပေးပို့သည်။

ယင်းနှင့်ပတ်သက်ပြီး KNU သတင်းရင်းမြစ်က “စခန်းရတာဟုတ်တယ်။ စခန်းသေးသေးလေးပါ။ သူတို့ စခန်းက စစ်ဆေးရေးဂိတ်သဘောလောက်ပဲ” ဟု အတည်ပြုပြောကြားသည်။

လက်နက်ခဲယမ်း အချို့ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ဖမ်းဆီးရမိခဲ့ကြောင်းလည်း ၎င်းက အတည်ပြု ပြောကြားသည်။

စစ်​ကောင်စီတပ်က အထိနာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က အထိနာ၍ ရဟတ်ယာဥ်ဖြင့်လာ​ရောက်တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-CJ

သတင်းရင်းမြစ်တစ်ဦးကလည်း လက်ရှိတွင် KNU နှင့် စစ်ကောင်စီတပ်တို့ ကျောက်ကြီးမြို့နယ်ကျွန်းပင်ဆိပ်ရွာ၌ ထိတွေ့မှု ဖြစ်နေကြောင်း ပြောကြားသည်။

ဒေသခံတစ်ဦးကလည်း လက်ရှိတွင် စစ်ကောင်စီတပ်များ မုန်းမြို့သို့ ကား ၂စီးဖြင့်စစ်ကူဝင် လာကြောင်း၊ အင်အား ၄၀ ခန့်ရှိကြောင်းပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူတွေလဲ မုန်းမြို့နယ်ထဲကရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်းရွှေ့ နေကြရပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တစ်စီးလည်း မုန်းဒေသသို့ ရောက်လာကြောင်း ဒေသခံက ပြောသည်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးနှင့် မုန်းဒေသ၌ စစ်ကောင်စီတပ်များနှင့် နယ်မြေခံ KNU တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်၍ ဒေသခံ ပြည်သူ သောင်းနှင့်ချီ စစ်ဘေးရှောင်နေကြရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅လုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း

တန့်ဆည်မြို့နယ် PDF ထောက်ပို့တပ်တစ်ခုဖြစ်သည့် TSOအဖွဲ့မှ ပြောကြားရာတွင် အထက်ပါ စစ်ကောင်စီတပ်သည် အင်အား ၁၅ဦးခန့်ဖြင့် ဆိုင်ကယ်များဖြင့်လှည့်ကင်းထွက်လာချိန် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

"ရှေ့တန်းရောက်နေတဲ့ တပ်တွေက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ရောက်လာတယ်။ ကျွန်တော်တို့ တပ်ရင်း(၃)ဘက်ကိုရောက်လာတာပေါ့”ဟု တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။