Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်က ဒီပဲယင်းအ​နောက်ခြမ်းတွင်တိုက်ပွဲမဖြစ်ဘဲရဟတ်ယာဥ်ဖြင့်လာပစ်၍​ဒေသခံများထွက်​ပြေး​နေရ

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅လုံး မီးလောင်ပျက်စီးခဲ့သည်။

(၂၀၂၂ ဇွန်လ၁၄ရက်နေ့က ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာအားအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သည်။ ဓါတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး)
(၂၀၂၂ ဇွန်လ၁၄ရက်နေ့က ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာအားအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့သည်။ ဓါတ်ပုံ-ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းတွင်စစ်ကောင်စီတ​ပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရဟတ်ယာဥ်များဖြင့်ပစ်ခတ်နေ၍ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့ (ဇူလိုင်လ၂ရက်)ညနေ ၄ နာရီဝန်းကျင်ကစတင်ကာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်အကြမ်းဖက်စစ်ကောင်စီတပ်က MI35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပြည်သူများကျေးရွာအတွင်းမှထွက်ပြေးနေရကြောင်း၊(၁) စီးကကျေးရွာများအပေါ်ပတ်ဝဲပြီးကျန်တစ်စီးကပတ်ပစ်ခဲ့ကြောင်းVoice Of Depeyinကအသိပေးသည်။

“ဆပ်ပြာကျင်းဘုတ်ရွာတစ်ဝိုက်ကို ရုတ်တရက် လာပစ်သွားတာပါ။ ဒီနေ့က ဆပ်ပြာကျင်းတိုက်ပွဲမှာရဲဘော်တွေ ကျဆုံးခဲ့တာ ၁ နှစ်ပြည့်မို့ လူစုလူဝေးရှိမယ်ထင်တဲ့နေရာ ဝင်ပစ်တာဖြစ်နိုင်တယ်လို့ အကြမ်းဖျင်း ယူဆရပါတယ်။လတ်တ

လောသိရသလောက်ကတော့ ပြည်သူများအထိအခိုက်မရှိဟု သိရပါတယ်။”ဟုဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

ဆပ်ပြာကျင်းဘုတ်ရွာစသည့်အနောက်ခြမ်း ကျေးရွာများကို ပစ်ခတ်ပြီးနောက် တစ်နာရီနီးပါးအကြာတွင် တိုက်ခိုက်ရေး ရဟတ်ယာဥ်(၂)စီးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဘက်သို့ ပြန်လှည့်သွားကြောင်း ဒေသခံများက ပြောသည်။

“စစ်​အင်အား မချခဲ့ဘူးလို့ ထပ်မံသိရပါတယ်။”ဟု Voice Of Depeyinက အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့က ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီးအိမ်ပေါင်း ၈၅လုံး မီးလောင်ပျက်စီးခဲ့သည်။

ဆပ်ပြာကျင်းကျေးရွာသည် စစ်ကောင်စီအား လက်နက်ကိုင်ခုခံရာတွင် နာမည်ကြီးသည့် ရွာဖြစ်သည်။ ယမန်နှစ်(၂၀၂၁) ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။နွေဦးတော်လှန်

ရေးကာလအစ ယင်းအချိန်က စစ်ကောင်စီ၏လက်နက်အင်အားအသာဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားနှင့် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၄၀ဦးသေဆုံးခဲ့ရသည့် ရွာဖြစ်သည်။

ဆပ်ပြာကျင်းရွာအား ၂၀၂၁ ဇူလိုင် ၂ ရက်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်ကို ဒေသခံတစ်ဦးက Myanmar Now သတင်းဌာနသို့​အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

” မသေသေးဘဲနဲ့ ခြေထောက်ကို ပထမ သေနတ်မှန်တယ်။မပြေးနိုင်မလွှားနိုင် ဖြစ်သွားတဲ့သူကို သူတို့က အလုံးအရင်းနဲ့ဖမ်း၊ ဖမ်းပြီးတော့မှ အဲ့လိုမျိုးလူတွေကို စုပြီးတော့ ခေါင်းမှာချည်းပဲ တေ့ပစ်သွားတာ။ တချို့ဆိုရင် ခေါင်းတွေနောက်စေ့မှာ ပွင့်ထွက်သွားတာတွေတို့ အစုလိုက်အပြုံလိုက် အဲ့လိုမျိုးပဲ။ ဖမ်းပြီးတော့မှ ပစ်သွားတာ” ။

သို့​သော်ဒီပဲယင်းမြို့နယ်မှ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များသည်စစ်​ကောင်စီတပ်ကိုဆက်လက်​ခုခံတော်လှန်​နေပြီး ယခုအခါ စစ်ကောင်စီအုပ်ချုပ်၍ မရတော့ဘဲစစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်များကို ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နေ့စဥ်နေ့တိုင်းပြုလုပ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။

သတင်း

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

သတင်း

ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။