Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၉၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ တွင် ဇွန်လအတွင်း တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီနှင့် ၎င်း၏လက်ပါးစေ နယ်ခြားစောင့်တပ်မှ ၉၄ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ် ပြန်သည်။

ဇွန်လ ၁ရက်မှ ၃၀ရက်အတွင်းဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်၊ BGF တို့အကြား တိုက်ပွဲအခြေအနေကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပေါင်း ၂၂၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီနှင့် BGF ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် ၉၄ဦး သေဆုံးပြီးဗိုလ်ကြီးအပါအဝင် ၅၅ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက်အသုံးပြုနေသည့် ထောက်ပို့မြင်းလား(၁၃)ကောင်အား ပစ်သတ်ချေမှုန်းနိုင်ခဲ့ကာ (၁၀)ကောင် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ထောက်ပို့ မော်တော်ယာဉ်တစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

သတင်း

ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။

သတင်း

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

သတင်း

ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။