Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တွင်း စစ်ကောင်စီတပ်က ရွာစဥ်ပတ်မီးရှို့နေ၍ ဒေသခံတစ်သောင်းကျော် ဘေးလွတ်ရာ ပြေးနေရ

“အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်”ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။

(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)

ကျေးရွာ ၁၉ ရွာမှ အနည်းဆုံးနေအိမ် ၃၅၀ ခန့်ပျက်စီး

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က ရွာစဥ်ပတ်မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေ သခံပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာပြေးနေရကြောင်း ဒီပဲယင်းအခြေစိုက် တော် လှန်ရေးအင်အားစုများက ပြောသည်။

ဒီပဲယင်းညီနောင်များအဖွဲ့က ကောက်ယူအ တည်ပြုထားသော စာရင်းများအရ ကျေးရွာ ၁၉ ရွာမှ နေအိမ် ၃၅၀ ခန့် မီးရှို့ဖျက်ဆီးခံထားရပြီး ယနေ့(မေ ၃၁)တွင်လည်း တည်တောရွာအား မနက်ပိုင်းတစ်ကြိမ်၊ ယခုညနေပိုင်းတစ်ကြိမ် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ်မှ တည်တောရွာအား မေ ၃၁မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ မြင်တွေ့ရစဥ်။ ။ဓါတ်ပုံ-ပေးပို့)

အကြမ်းဖက်စစ်ကောင်စီတပ်များသည်ရွာတစ်ရွာကိုဦးတည်လျင်အခြားအနီးဝန်းကျင်ကျေးရွာများကိုပါဝင်ရောက်သောင်းကျန်းတတ်သဖြင့်တည်တောဘေးပတ်လည်မှသပြေကုန်း၊သရက်ကန်အရှေ့ရွာနှင့် အနောက်ရွာတို့မှဒေသခံပြည်သူများ ကြိုတင်ရှောင်တိမ်းနေရကြောင်းဒီပဲယင်းညီ
နောင်များအဖွဲ့က ပြော သည်။

Public Service Announcement

“အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေ မကြုံဘူးပေမယ့် စာတွေထဲပဲ ဖတ်ရတယ်။ ဒီကောင်တွေက အင်္ဂလိပ်တွေ ဂျပန်ဖက်ဆစ်တွေထက် ယုတ်မာတယ်”ဟု ဒီပဲယင်းညီနောင်များအဖွဲ့မှ တော် လှန်ရေးရဲဘော်တစ်ဦးကမှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို ယခုလ(မေ) တတိယပတ်အထိ ဝင်ရောက်မွှေနှောက်ပြီးနောက် ဒီပဲယင်းအရှေ့ခြမ်းမှ ကျေးရွာများသို့ ယခုလနောက်ဆုံးပတ်တွင်ထပ်မံမွှေနှောက်လျက်ရှိရာ သရက်တော၊ အင်ပင်၊ နဂါးတွင်း၊ ထန်းတစ်ပင်၊ မူးအိုင်း၊ တည်တောစသည့် ကျေးရွာများ ပါဝင်သည်။

ယလုရရှိထားသော ကျေးရွာများနှင့် မီးရှို့ဖျက် ဆီးခံရသော နေအိမ်စာရင်းများမှာ လတ်တ လောအတည်ပြုထားနိုင်သမျှဖြစ်ပြီး မြေပြင်အခြေအနေမှာ ယင်းထက်ပိုနိုင်ပြီး စစ်ကောင်စီတပ်များမှာလည်း အင်အား ၉၀ ခန့်ဖြင့် တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ဖျက်ဆီးလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုဗစ်ကြောင့်လူစည်ကားရာနေရာတွေဖြစ်တဲ့ ဈေးတွေကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ပုံမှန်အတိုင်းလည်ပတ်နေတာကိုပြသချင်တဲ့အတွက် ဈေးတွေကို ပြန်ဖွင့်ဖို့ ဖိအားပေးခဲ့တာပါ။

သတင်း

ရဲဘော်ရဲထက် အသက်ပေးလှူ ကူညီကာကယ်တင်ပေးခဲ့သည့် ပိတ်ဆို့ခံ ရဲဘော်နှစ်ဦးသည် လွတ်မြောက်နယ်မြေ တစ်နေရာတွင် ဆေးကုသမှုခံယူကာ ကျန်းမာရေးအခြေ အနေ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း အသိပေးထားသည်။

သတင်း

ကနီမြို့နယ်အပါအဝင်စစ်ကိုင်းတိုင်းရှိ မြို့နယ် များ၌ အကြမ်းဖက်စစ်တပ်က ဆက်သွယ်ရေး လိုင်းများပိတ်ပင်ပြီးနောက် သာလွန်အင်အား များဖြင့် စစ်ကြောင်းထိုးနေသည်။

သတင်း

စာသင်ကျောင်းအချို့အနီးတွေ့ရှ်ိသည့် လက်လုပ်မိုင်းများကို စစ်ကောင်စီကလာရောက်ရှင်းလင်းသွားခဲ့ပြီး ပြည်သူများနှင့် ကာကွယ်ရေးရဲဘော်များကြားသွေးခွဲရန် စစ်ကောင်စီကဇာတ်လမ်းထွင်ခြင်းဟု ဒေသခံတစ်ဦးက သုံးသပ်သည်။