Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် စစ်​ကောင်စီတပ်ကို ​ဒေသကာကွယ်​ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြေဖွေးတောင်အနီးတွင် နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးလုယက်ပြီး ပြန်လာသည့် အကြမ်းဖက်စစ်​ကောင်စီတ​ပ်နှင့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇူလိုင်လ၂ရက်) နံနက် ၁၁နာရီခန့်က ဘန့်ဘွေးပျူစောထီးရွာမှ အကြမ်းဖက်စစ်​ကောင်စီတပ်လက်အောက်ခံ စစ်သား၊ ရဲသားများနှင့် ပျူစောထီးများသည် ကွေ့ချောင်းရွာ၊ မြေဖွေးတောင်အနီးရှိ အိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် ထိုအိမ်များရှိ ပစ္စည်းများအား ထွေလာဂျီတစ်စင်းနှင့် သယ်ဆောင်သွားခဲ့ပြီး တန်ဖိုးကျပ်သိန်း၄၅၀ခန့် ဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အကြောင်းမဲ့လာရှို့သွားတာ။ လူတွေကတော့ အကုန်ရှောင်နိုင်လိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် အဆိုပါအိမ်များဖျက်ဆီးပြီးအပြန် မွန်းတည့်၁၂နာရီဝန်းကျင်က ငါးမိုင်ဂိတ်အနီးအရောက်တွင် ချိုမိုင်မိုင်တပ်ပေါင်းစုနှင့် Yinmarbin Local PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိနိုင်ကြောင်း ချိုမိုင်မိုင်သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ - CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားသောနေအိမ်နှစ်လုံးအား ​တွေ့ရစဥ် ၊ ဓာတ်ပုံ – CJ)

ဇွန်လ၂၉ရက်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်လုပ် (၄ဝ) မမ၊ (၆၀) မမ လက်နက်ကြီးများဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ဆောင်ရွက်စဥ် ပြည်သူ့နေအိမ်တစ်လုံးရှိ သံသေတ္တာထဲတွင် မီးကျွမ်းလောင်ထားသော ရွှေထည်နှင့်အကြွေစေ့များအားတွေ့သဖြင့်ရွှေပန်းကျေးရွာတာဝန်ရှိသူရှေ့တွင်ပစ္စည်းပိုင်ရှင်အား ဗိုလ်တောက်ထွန်း (MBTT)အဖွဲ့ကအပ်နှံပေးခဲ့ကြောင်း MBTT အဖွဲ့ကပြည်သူများသို့အသိပေးသည်။

သတင်း

ဇွန်လ တလတာအတွင်း နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်က တစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

သတင်း

ဆပ်ပြာကျင်း၊အုန်းတင်နှင့်အက်ပုတ်ကျေးရွာပတ်ဝန်း ကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ညနေ ၅နာရီခန့်တွင် ပစ်ခတ်သွားခြင်းဖြစ်သည်။ မြေပြင်မှ စစ်ကြောင်းထိုးလာမည်စိုး၍ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။