Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးတွင် စစ်ကောင်စီတပ် ရွာထဲဝင်ပြီး ရွာသားများကိုပစ်သတ်၍ ​လေးဦးသေဟု KNU ထုတ်ပြန်

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်း ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် လော်မူပယ်ကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူလူထုများအား ပစ်ခတ်သတ်ဖြတ်ခဲ့၍ ​လေးဦးသေဆုံးပြီး တစ်ဦး ဒဏ် ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇူလိုင်၃ရက် ညနေပိုင်းက ဗိုလ်မှူးဇေယျာလင်း ဦးဆောင်သည့် စစ်ကောင်စီတပ်က လော်မူပယ်ရွာသို့ဝင်၍ ရွာသားများကို ပစ်သတ်ပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊စစ်ကောင်စီတပ် ပစ်ခတ်၍ အသက် ၁၈နှစ်အရွယ်လူငယ် တစ်ဦး၊ အသက် ၂၄နှစ်အရွယ် လူငယ် တစ်ဦးနှင့် အမည်မသိရသေးသည့် ပြည်သူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် KNU ညောင်လေးပင်ခရိုင် (တပ်မဟာ၃) နယ်မြေသို့ စစ်ကောင်စီတပ်များက ထိုးစစ်ဆင်မှု များပြားလာကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း အသိပေးထားသည်။

သတင်း

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်"ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

သတင်း

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။