Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးက ရွာတစ်ရွာကို စစ်တပ်က မီးရှို့ပြီး ရွာသားလေးဦးကို ပစ်သတ်

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

KNU
KNU

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းရှိ လော်မူပယ်ကျေးရွာထဲကို စစ်တပ်ဝင်လာပြီး ရွာသားတွေကိုပစ်သတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးဇေယျာလင်းဦးဆောင်တဲ့ ခမရ (၄၃၉)၊ ခလရ (၆၀)နဲ့ ခမရ (၅၃၁)တို့ပူးပေါင်းပြီး လော်မူပယ်ကျေးရွာနောက်ဖက်သို့ဝင်လာကာ ဒေသခံပြည်သူ ၄ ဦးကို ပစ်သတ်ခဲ့ပြီး အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

ဒါ့အပြင် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂) လုံး၊ ဆိုင်ကယ် (၁၃)စီး၊ ကားတစ်စီးနဲ့ စက်ဘီးအချို့ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လတ်တလောအချိန်မှာ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများပြာလာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU
KNU

ကေအဲန်ယူ-လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တာတွေလည်း ရှိနေတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း အသိပေးထားသည်။

သတင်း

ထို့ပြင် အသက် (၃၀)အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်လက်ချက်ကြောင့် လော်မူပယ်ကျေးရွာရှိ နေအိမ် (၁၂)လုံး၊ ဆိုင်ကယ်(၁၃)စီး၊ ကားတစ်စီးနှင့် စက်ဘီးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

ဦးကျော်မျိုးမင်းနှင့်အတူ ခေါ်ဆောင်ခံရသူ နှစ်ဦးမှာ တော်လှန်ရေးရဲဘော် များဖြစ်သည့် ရဲဘော် ပန်းမြင့်နှင့် ရဲဘော်ကိုကိုမောင်တို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ဇွန် ၃၀ ရက်တွင်ကျဆုံးကြောင်းကို KNU တပ်မဟာ(၁) သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ရေး ကော်မတီက ယနေ့ထုတ်ပြန်ထားသည်။

သတင်း

ပြည်သူလူထုများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်သည့် ကာလဖြစ်၍ ပြည်သူ့တော်လှန်ရေး အရှိန်နည်းပါးစေရန် လုပ်ဆောင်ချက် မှန်သမျှ ကန့်ကွက်ကြောင်း ထန်တလန် CDFက အသိပေးသည်။