Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်အားကိုးရ​​သောစက်လက်သမား ၃ ဦး​သေဆုံးဟု VENOMထုတ်ပြန်

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

(ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ​သေဆုံးသွားသောစက်လက်သမားတစ်ဦး)
(ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ​သေဆုံးသွားသောစက်လက်သမားတစ်ဦး)

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်းစစ်​ကောင်စီတပ်၏အားကိုးရသောစက်လက်သမား၃ဦး​သေဆုံးခဲ့​ကြောင်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေ​သောVENOM စစ်​ကြောင်းကယ​နေ့ညသတင်းထုတ်ပြန်သည်။

“ဥကရစ်ထတိုက်ပွဲအတွင်းစခ (စကစ)၏အားကိုးအားထားရသောစက်လက်သမား၃ယောက်ကျဆုံးသွားခဲ့သည်။

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

အဆိုပါဓါတ်ပုံတွင် စစ်​ကောင်စီ၏စက်လက်​သေနတ်သမားတစ်ဦးပုံဖြစ်ပြီး စစ်တပ်ဝါဒဖြန့် အ​ကောင့်များက ၎င်းသည် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိလျှက်ကြံ့ကြံ့ခံတိုက်ရင်း စစ်ကူများ​ရောက်ချိန်မှ စိတ်ချသွားဟန်ဖြင့်သေဆုံးခဲ့သည်ဟုဖွဲ့နွဲ့​ရေးသားကာယ​နေ့ဝါဒဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

“ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့—က ဘန်ကာအဝင် မြောင်းထဲမှာ ပတ်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာမြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိ‌နစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ”ဟုအဆိုပါစစ်​ကောင်စီ၏စက်လက်သမား​သေဆုံးခဲ့ပုံကို PDF တစ်ဦးကလည်း​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များကစခန်းသိမ်းနိုင်ရန် ဇွန်လ ၂၆ရက်မှ ယ​နေ့(ဇူလိုင်၃)အထိ့ ၈ ရက်ကြာနေ့စဉ်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေသည်။စစ်​ကောင်စီတပ် အထိနာပြီးစခန်းသိမ်းယူနိုင်ကာနီးတွင် ​လေ​ကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့်အကြိမ်​ရေများစွာပစ်ခတ်သလို ၊စစ်ကူများထပ်မံရောက်ရှိလာ၍ KNLAဦး​ဆောင်​သောKNDO ၊ PDF ပူး​ပေါင်းတပ်များက စစ်ကူလမ်း​ကြောင်းများကိုလည်းဖြတ်​တောက်တိုက်ခိုက်​နေသည်။VENOM စစ်​ကြောင်းမှာလည်း ၊​ကော်ဘရာစစ်​ကြောင်းကဲ့သို့ KNLA လက်​အောက်ရှိအထူးကွန်မန်ဒိုစစ်​ကြောင်းဖြစ်ပြီး VENOM ​ရော၊​ကော်ဘရာစစ်​ကြောင်းပါဥကရစ်ထစခန်းတွင်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေသည်။

စခန်းသိမ်တိုက်ပွဲတွင် KNLA ဦး​ဆောင်​သောတပ်ဖွဲ့များမှ ၁၀ ဦး​ကျော်ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ စစ်ကူများဆက်တိုက်​စေလွှတ်​နေ​သောစစ်​ကောင်စီတပ်မှ ၁၀၀ နှင့် ၂၀၀ ကြား​သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိ​ကြောင်း ​မြေပြင်သတင်းရင်းမြစ်အချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်သည့်အပြင် စစ်ကူများထပ်မံပို့ဆောင်လာသည့်အတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန် လာမည့်အခြေအနေရှိကြောင်း အသိပေးထားသည်။

သတင်း

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဘေးဒေသများဖြစ်ပြီး နယ်စည်းမခြားဘဲ အကြမ်းဖက်စစ်တပ်အား ပူးပေါင်းခုခံတော်လှန်နေကြသည်။

ဆောင်းပါး

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက် ကြီးများဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၁၄နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။