Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုဝါဒဖြန့် MRTV တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ် ပိတ်ပင်ခံရ

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

MRTV
MRTV

အမေရိကန်ကုမ္ပဏီ Dacast သည် မြန်မာစစ်တပ်ဝါဒဖြန့်ရုပ်သံ MRTV ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဉ်ကိုပိတ်ပင်လိုက်ကြောင်း Justice For Myanmar က ယနေ့ထုတ်ပြန်သည်။

တရားမဝင်မြန်မာစစ်တပ်က ထိန်းချုပ်ထားသော MRTV သည် ဝဘ်ဆိုက်နှင့် မိုဘိုင်းအက်ပလီကေးရှင်းများပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကို အမေရိကန်၊ ကယ်လီဖိုနီးယားအခြေစိုက် Dacast ၏ နည်းပညာကို အသုံးပြုခြင်းဖြစ်ပြီး Dacast က ၎င်းတို့၏ ဝန်ဆောင်မှုကို MRTV အား အသုံးပြုခွင့်မပေးတော့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်သည် အမုန်းစကားနှင့် သတင်းမှားများကို ဖြန့်ချိထုတ်လွှင့်ရန် MRTV ကို အသုံးချနေခြင်းလည်းဖြစ်သည်။

ထို့အတွက် မြန်မာစစ်တပ်သည် Ducats ၏နည်းပညာကို အသုံးချနေသည့်အကြောင်း Justice For Myanmar က ဆက်သွယ်သတိပေးခဲ့သည်။

နာရီပိုင်းအကြာတွင် MRTV ဝဘ်ဆိုက်နှင့် အက်ပလီကေးရှင်းများတွင် ပိတ်ပင်ခံရကြောင်းစာသားကို တွေ့ရှိရကြောင်း Justice For Myanmar က ထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သော MRTV အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့က ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။

သို့သော် ဝဘ်ဆိုက်ကို ဒိုမိန်းအသစ်ဖြင့် ပြန်လည်လွှင့်တင်ခဲ့ပြီးနောက် အဆိုပါ အက်ပလီကေးရှင်းများကို App Store နှင့် Google Play တို့၌ ပြန်လည်မြင်တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။

သတင်း

ယနေ့(ဇူလိုင်လ ၁ရက်) မင်းကင်းမြို့နယ် တောင်လက်ဒေသ၌ အကြမ်းဖက်စစ်​​ကောင်စီတပ်ပါဝင်သော ပျူစောထီးပူးပေါင်းအဖွဲ့နှင့် MKPDF-2 တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ PDF တပ်သားတစ်ဦးကျဆုံးပြီး စစ်အုပ်စုဘက်က ငါးဦးမိုင်းထိသေဆုံးသွားကြောင်း ထပ်မံအသိပေးသည်။

သတင်း

အုတ်ဖို PDFကို ၂၀၂၁ ဇူလိုင်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်သူအချို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ အတွင်းက အုတ်ဖို မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် စစ်ကောင်စီ အဖွဲ့ဝင်) ခင်မောင်ဝင်းအား ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသည့်အပြင် ရေစကြိုမြို့ပေါ်နှင့်ကုန်းပိုင်းဒေသများတွင်ပါ အကြမ်းဖက်စစ်တပ်အား ခုခံတိုက်ခိုက်နေသည်။