Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်းနှင့်ဆက်စပ်သည့် လမ်းပိုင်းငါးခုတွင် စစ်ကောင်စီတပ်မှယာဥ်များနှင့်ကပ်မလိုက်ကြရန် MDPDF သတိပေး

ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။

MDPDF
MDPDF

မကွေးတိုင်းနှင့် ဆက်စပ်သည့် လမ်းပိုင်းငါးခုတွင် ယနေ့(ဇူလိုင် ၆)မှစပြီး တစ်လအတွင်း စစ်ကောင်စီတပ်မှ ယာဥ်များနှင့် ကပ်မလိုက်ကြရန် မကွေးတိုင်းဒေသကြီးတပ်တော်(MDPDF)ကသတိပေးထုတ်ပြန်လိုက်သည်။

အဆိုပါလမ်းပိုင်းများမှာ မကွေး-ရေနံချောင်း-ကျောက်ပန်းတောင်း၊ မကွေး-မြို့သစ်-နေပြည်တော်၊ မကွေး-နတ်မောက်၊ မကွေး-သစ်ရာကောက်-တောင်တွင်းကြီးနှင့် မကွေး-မင်းလှ-မလွန် စသည့်လမ်းပိုင်းများပါဝင်သည်။

“ယာဥ်ကြီး၊ ယာဥ်ငယ်၊ ဆိုင်ကယ်သမားများအနေဖြင့် စခ ယာဥ်တန်းများ၊ ရခ ယာဥ်တန်းများ၏နောက်မှ ကပ်လိုက်မောင်းနှင်ခြင်း မပြုကြပါရန်၊ စစ်ကား၊ ရဲကားများအား ဝေးဝေးမှသာ ရှောင်ကျဥ်မောင်းနှင်ကြပါရန် သတိပေးတားမြစ် ကြေညာအပ်ပါသည်”ဟု MDPDF က အသိပေးသည်။

ထို့ကြောင့် အဆိုပါလမ်းပိုင်းငါးခုကို ဇူလိုင် ၆ရက်မှ သြဂုတ် ၆ ရက်အထိ တစ်လအတွင်း ဖြတ်သန်းသွား လာမည့်ပြည်သူများအနေဖြင့် သတိပြုဆင်ချင်နိုင်ကြရန် ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းမှစ၍ မုံရွာမြို့နယ် မုံရွာ - အရာတော်လမ်းပိုင်း၊ ကျောက္ကာ - ဗောဓိတစ်ထောင် ဖြတ်လမ်းပိုင်း၊ မုံရွာ - ဗောဓိတစ်ထောင် လမ်းပိုင်းများအား ယာယီအသုံးမပြုကြရန် Black Dragon အဖွဲ့က မေတ္တာရပ်ခံသည်။

သတင်း

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲရင့်စွာကျဆုံးသွားသော ရဲဘော်များကို အာဇာနည် သူရဲကောင်းများ အဖြစ် သမိုင်းမှတ်တမ်းတင်အလေးပြုကြောင်း KNDF က ထုတ်ပြန်သည်။