Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးအသတ်ခံရသဖြင့် ဆန္ဒပြ​​တောင်းဆိုမှုပြုလုပ်နေ​သောမိုး​ရေးမြို့တွင်လူစုလူ​ဝေးမလုပ်ရန်၊ နယ်စပ်ဖြတ်​ကျော်မှုမလုပ်ရန် အိန္ဒိယအစိုးရအ​ရေး​ပေါ်အမိန့်ထုတ်

အိန္ဒိယနိုင်ငံသားများအနေဖြင့်အရေးကြီးကစ္စမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွားလာခြင်းမပြုရန်၊သက်ဆိုင်ရာ၏ခွင့်ပြုချက်ကိုရယူပြီးမှ သာသွားလာရန်၊ မြန်မာနိုင်ငံသားများကိုလည်းခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

(မိုး​ရေးမြို့တွင် ဇူလိုင် ၆ ရက်ကဆန္ဒပြ​တောင်းဆို​နေမှု ၊စစ်​ကောင်စီ၏ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့မှုနှင့် အန္ဒိယပြည်နယ်အစိုးရကထုတ်ပြန်​သောအမိန့် ။ ။ဓါတ်ပုံ-CJ)
(မိုး​ရေးမြို့တွင် ဇူလိုင် ၆ ရက်ကဆန္ဒပြ​တောင်းဆို​နေမှု ၊စစ်​ကောင်စီ၏ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့မှုနှင့် အန္ဒိယပြည်နယ်အစိုးရကထုတ်ပြန်​သောအမိန့် ။ ။ဓါတ်ပုံ-CJ)

ပျူစောထီးအဖွဲ့က​သေနတ်ဖြင့်ပစ်သတ်လိုက်သည့် အိန္ဒိယနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒပြ​တောင်းဆိုမှုများဖြစ်ပေါ်နေသော မိုရေးမြို့တွင် လူစုလူဝေးမပြုလုပ်ရန် အန္ဒိယအစိုးရ၏​ဒေသတွင်းအာဏာပိုင်အဖွဲ့က အရေးပေါ်အမိန့်ထုတ်ပြန်လိုက်သည်။

မိုးရေးမြို့ထဲတွင်လူစုလူဝေးပြုလုပ်ခြင်း၊အုပ်စုလိုက်သွားလာခြင်းများကိုဇူလိုင် ၆ရက်မှစ၍ခွင့်မပြုတော့ကြောင်းမဏိပူပြည်နယ် Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးမူးက ယမန်​နေ့ညနေတွင် အရေးပေါ် အမိန်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူစုလူဝေးမပြုလုပ်ရန်အပြင် နယ်စပ်ဖြတ်ကျော်သွားလာမှုကိုလည်း Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးရုံးကကန့်သတ်မိန့်ထုတ်ပြန်လိုက်သည်။

“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။

အိန္ဒိယနိုင်ငံသားများအနေဖြင့်အရေးကြီးကစ္စမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွားလာခြင်းမပြုရန်၊သက်ဆိုင်ရာ၏ခွင့်ပြုချက်ကိုရယူပြီးမှ သာသွားလာရန်၊ မြန်မာနိုင်ငံသားများကိုလည်းခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

တမူးမြို့တွင်ဇူလိုင် ၅ရက်က ပျုစောထီးများကအိန္ဒိနိုင်ငံသားနှစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ယင်းဖြစ်စဥ်အပေါ် ဒေါသဖြစ်နေသည့်မိုးရေးမြို့ခံများကအန္ဒိယအစိုးရနှင့်စစ်တပ်ကို ဇူလိုင် ၆ရက်တွင် ဆန္ဒပြခဲ့​ကြသည်။ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ရှိ စစ်ကောင်စီ၏ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြလူထုကမီးရှို့ပစ်လိုက်သည်။ထိုအခြေအနေကိုထိန်းချုပ်နိုင်ရန်အိန္ဒိယအစိုးရကအရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။ထိုအပြငယခုအခါ တမူးမြို့တွင် ယခင်ရက်များက​တွေ့ခဲ့ရ​သော ပျူ​စောထီးများလည်း ယခုအခါမ​တွေ့ရ​တော့ကြာင်း​ဒေသခံအချို့က ​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

သတင်း

အလုပ်ဆင်းချိန် ဆန္ဒပြအလုပ်သမားများနှင့် IWFM တို့ဆွေးနွေးမှုအရ အလုပ်သမားများတောင်းဆိုသည့် အချက်များကို စက်ရုံဘက်မှ လိုက်လျောလာသည်အထိ မနက်ဖြန်(ဇူလိုင် ၈)တွင်လည်း ဆက်လက်ဆန္ဒပြတောင်းဆိုဖွယ်ရှိနိုင်ကြောင်း ဒေါ်ခိုင်ဇာအောင်က ပြောသည်။

သတင်း

ယနေ့ ညနေ ၃နာရီဝန်းကျင်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲကို အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့် ဝင်တိုက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစု AAMIJက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။