Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူများကအိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်မှုအ​ပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်​ကြောင်းတမူးPDFတပ်ရင်း(၂)ထုတ်ပြန်

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။

အသတ်ခံရသူ နှစ်ဦးရုပ်အ​လောင်းပြန်ရရန် မိုး​ရေးမြို့တွင် ယ​နေ့ဆန္ဒပြ​နေစဥ်
အသတ်ခံရသူ နှစ်ဦးရုပ်အ​လောင်းပြန်ရရန် မိုး​ရေးမြို့တွင် ယ​နေ့ဆန္ဒပြ​နေစဥ်

စစ်ကောင်စီလက်ပါးစေပျူစောထီးများက အိန္ဒိယနိုင်ငံသားနှစ်ဦးကို​သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အတွက် အိန္ဒိယပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး၊ ဥပဒေမဲ့ သတ်ဖြတ်မူ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ​ကြောင်းPDF(တမူး) တပ်ရင်း ၁ က ထုတ်ပြန်သည်။

ထို့အပြင် နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်​သော တမူးနှင့်မိုးရေးမြို့နေပြည်သူများ၏ဆက်ဆံရေးကိုပျက်ပြားစေပြီး၊ မိုးရေးမြို့သို့ စစ်ဘေးရှောင်နေရသည့် မြန်မာနိုင်ငံသားများ၏ စားဝတ်နေရေးအခက်အခဲဖြစ်နေရန် ရည်ရွယ်ချက်ရှိရှိဆောင်ရွက်ခြင်းဖြစ်သည်ဟုယူဆ​ကြောင်းလည်း​ဖော်ပြထားသည်။

စစ်ကောင်စီတပ်က မြန်မာနိုင်ငံသားများသာမက အိမ်နီးခြင်းနိုင်ငံများကိုပါ တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားရုံသာမက အိန္ဒိယအစိုးရကို စော်ကားရာကျသည်ဟုလည်း PDF(တမူး)ကသ​ဘောထားထုတ်ပြန်သည်။

တမူးမြို့နယ်၊စော်ဘွားအင်းရပ်ကွက်၊အမှတ်(၄)ကျောင်းအနီးတွင် အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့သား တမီးလ်လူမျိုး နှစ်ဦးကို ပျူစောထီးများက ဇူလိုင် ၅ရက် ၊နေလယ် ၁ နာရီခန့်တွင် မြို့လယ်ခေါင်တွင် ဦးခေါင်းကိုပစ်သတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၈နှစ်နှင့် ၃၅ နှစ်အရွယ် အိန္ဒိယ နိုင်ငံသား နှစ်ဦးက သာမန်အရပ်သားများဖြစ်ပြီး တမူးမြို့ရှိ မိတ်ဆွေများထံ လာရောက်လည်ပတ်စဉ် ပျူစောထီးများက မြို့လယ်ခေါင်တွင် ဦးခေါင်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

“အခုတော့ မိုးရေးမှာ နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ထဲက အပြင်မထွက်ရဲကြဘူး၊ မြန်မာတွေလည်း အဲ့ဘက်ကို မသွားရဲကြဘူးဖြစ်နေတယ်”ဟု တမူးမြို့ခံတစ်ဦးကလည်းပြောသည်။

စစ်​ကောင်စီလက်​အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့သည့် ထိုအိန္ဒိယနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်း ပြန်လည်မပို့ပေးသောကြောင့် မိုးရေးမြို့တွင် အိန္ဒိယနိုင်ငံသားများက ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပြီးနောက် စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြသူများက မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။ ထိုပြင် ဆန္ဒပြသူများက မြန်မာဘက်ခြမ်းမှ ဈေးဆိုင်တခုကိုလည်း ကျောက်ခဲများပစ်ခတ်ခဲ့၍ ထိခိုက် ဒဏ်ရာရရှိမှုများလည်းရှိသည်ဟု ဒေသခံများကပြောသည်။

အလားတူ တမူးPDF တပ်ရင်း( ၁)ကလည်း ပျူများက အိန္ဒိယနိုင်ငံသားနှစ်ဦးကိုသတ်ဖြတ်မှုအတွက်အိန္ဒိယပြည်သူများနှင့်အတူ ဝမ်းနည်း​ကြောင်းထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုကို Yesagyo-PDF ၊ N-YSO ပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force ၊ Steel Hawk(သံမဏိသိန်းငှက်)၊ PDF -Myaing Township တို့မှ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

အိန္ဒိယနိုင်ငံသားနှစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရသည့်ဖြစ်စဥ်ကိုဒေါသထွက်နေသည့် မိုရေးမြို့ခံအိန္ဒိယနိုင်ငံသာများသည်နှစ်နိုင်ငံနယ်စပ်ရှိ ကင်းစခန်းတစ်ခုကို မီးရှို့လိုက်ကြောင်းလည်းမျက်မြင်အချို့ကပြောသည်။

သတင်း

ပြည်သူလူထုမှ ထောက်ပံ့ပေးထားသော လက်နက်ခဲယမ်းများကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ထောက်ပံ့ပေးထားသော ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ညှိုးငယ်စွာဖြင့် တောင်းပန်ကြောင်း နွားထိုးကြီး PDFက ပြောသည်။

သတင်း

၆၀ မမ၊ ၈၀မမ၊ ၁၂၀မမ၊လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာမှ အပြန်အလှန် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှု များပြားနိုင်ပြီး အတိအကျကို စုံစမ်းနေဆဲဖြစ်​ကြောင်း BlackGodပြောက်ကျားတပ်ဖွဲ့(မြိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။