Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင်လှုပ်ရှားမှု သတင်းပေးဖမ်းဆီးရန်စောင့်ဆိုင်းနေသူ စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အပေါင်းအပါအဝင်နှစ်ဦး ပစ်သတ်ခံရ

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။

(ယနေ့ညနေက လှိုင်မြို့နယ်၌ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - AAMIJ)
(ယနေ့ညနေက လှိုင်မြို့နယ်၌ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - AAMIJ)

ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ဆန္ဒပြလှုပ်ရှားမှုကို သတင်းပေးဖမ်းဆီးရန် စောင့်ဆိုင်းနေသူ စစ်ကောင်စီခန့်ရာအိမ်မှူးနှင့်အပေါင်းအဝင်နှစ်ဦး ပစ်သတ်ခံရကြောင်း သင်္ဃန်းကျွန်းမြို့နေသူများက ပြောသည်။

ဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၇ ရက်)ကျရောက်သော နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင်ကျောင်းသား အရေးတော်ပုံလှုပ်ရှားမှုကို စောင့်ကြည့်ရန် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ (၅) လမ်းထိပ်ရှိ ရွှေကျားလက်ဘက်ရည်ဆိုင်တွင်ရှိနေသော ရာအိမ်မှူးရဲထွဋ်နှင့် ဇော်ထွန်းဦးတို့မှာ နံနက် ၁၀ခန့်တွင် ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

“သူတို့ အပိုင်က ၁၆ လမ်းဘက်။ဒါပေမယ့် အရင်ကတည်းက ဆန္ဒပြလှုပ်ရှားမှုကောင်းခဲ့တာက အခု ဖြစ်စဥ် ဖြစ်တဲ့နေရာဘက်မှာဆိုတော့ သူတို့ကြိုစောင့်နေတာလို့ တစ်ထစ်ချ ​ပြောလို့ရတယ်”ဟု သင်္ဃန်းကျွန်းမြို့နေသူတစ်ဦးက ရှင်းပြသည်။

ပစ်သတ်ခံရသူ နှစ်ဦးစလုံးသည် ဦးခေါင်းအပါအဝင် ရင်ဘတ်တို့တွင် ကျည်ဒဏ်ရာ လေးချက်ထက်မနည်းရရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။

သို့သော် ညနေပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ဆန္ဒပြလူငယ်များကိုစစ်ကောင်စီက အိမ်စီးကားဖြင့်တိုက်၍ ဖမ်း ဆီးခဲ့​သော်လည်း ကားဖြင့်တိုက်ခံရ​သေ ာလူငယ်အပါအဝင်ဆန္ဒပြလူငယ်များအားလုံး လွတ်​မြောက်ခဲ့ကြောင်း သပိတ်ကော်မတီဝင်များကပြောသည်။

ဇူလိုင် ၇ရက် ညနေ ၃နာရီဝန်းကျင်တွင်ပြုလုပ်သည့် ယင်းဆန္ဒပြပွဲကို အကြမ်းဖက်စစ်ကောင်စီကအိမ်စီးကား Toyota Belta အဖြူရောင် ကားနံပါတ် YGN/7J-5050 ဖြင့်ဝင်တိုက် ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အာဆီယံထိပ်သီးအစည်းအဝေးနှင့်အတူ (၁၂)ကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးလည်း ကျင်းပမည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်။

သတင်း

ကားဖြင့် တိုက်ခံရသည့် လူငယ်သည် Yangon Revolution Strike သပိတ်အဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီးဒဏ်ရာရရှိခဲ့သော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ကျန်ဆန္ဒပြလူငယ်များလည်းလွတ်​မြောက်ခဲ့​ကြောင်းသပိတ်​ကော်မတီဝင်များထံမှသိရသည်။

သတင်း

ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမဆန်ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုကျင့်ခြင်းများအပေါ် ထိုက်သင့်သည့်တရားမျှတမှုရရှိနိုင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ICNCCက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဇွန်လ ၂၈ရက်တွင် လိုင်လင်းပီမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်။ တိုက်ပွဲအနီးရှိ ကျေးရွာအချို့မှ ပြည်သူလူထု နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။