Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)မှထွက်လာသော စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်သေဆုံးရှိနိုင်

MMUPDFနှင့် ညီနောင်မဟာမိတ်များမှ ဇွန်လ ၂၇ ရက်က စစ်ကိုင်းမှ မုံရွာမြို့ဘက်ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီးကို မြင်းမူနှင့် ထီးဆောင်းကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

(မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)မှ ရဲဘော်များအား တွေ့ရစဥ်)
(မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)မှ ရဲဘော်များအား တွေ့ရစဥ်)

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်နှစ်စီးကို ညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMUPDF)က ယနေ့(ဇူလိုင် ၇)ထုတ်ပြန်သည်။

ယနေ့ညနေ ၅ နာရီ ၄၀မိနစ်ခန့်က မုံရွာ(နမခ)မှ ထွက်လာသော စစ်ကားနှစ်စီးကို ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခေါင်းပြာ၊ မိုးကာအစိမ်းဖြင့်အုပ်ထားသော ယာဥ်တစ်စီးအား ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် ယာဥ်မှာပျက်စီးသွားပြီး စစ်ကောင်စီတပ်မှ အများအပြားဒဏ်ရာရသည့်အပြင် ထိ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျမသိရသေးဟု MMUPDFက ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို MMUPDFနှင့် Black Eagle PDF ၊ Black Hawk Force Myinmu ၊ People Guerrilla Commando-MMU နှင့် Myinmu Civil Revolution Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

MMUPDFနှင့် ညီနောင်မဟာမိတ်များမှ ဇွန်လ ၂၇ ရက်က စစ်ကိုင်းမှ မုံရွာမြို့ဘက်ထွက်လာသော စစ်ကောင်စီတပ်မှ ယာဥ်လေးစီးကို မြင်းမူနှင့် ထီးဆောင်းကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်​ကောင်စီတပ်နှင့်BGFများအများဆုံး​သေဆုံး​သောလများမှ တစ်လလျှင်စစ်သား ၅၀၀ ​ကျော်စီဖြင့် ၂၀၂၂ မတ်လနှင့်ဧပြီလဖြစ်ပြီး ၊​ခြောက်လအတွင်းအနည်းဆုံးလဖြစ်​သော ဇွန်လတွင်ပင် ၃၆၅ ​ယောက်​သေသည်။

သတင်း

မြိုင် ပကဖ မှ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရကာ ၁ဦးမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ၊အကြမ်းဖက်စစ်သား၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။စစ်​ကောင်စီတပ် မှသေဆုံးမှုအ​ရေအတွက်ကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။

သတင်း

ဦးကျော်မျိုးမင်းအလောင်းကို ၎င်းနှင့်အတူ ပါလာပြီး စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့၏ အလောင်းအနီး ဝန်းကျင် ရေမြောင်းထဲ၌ ဦးခေါင်းကို ဗွက်ထဲနစ်ထားပြီး လက်ပြန်ကြိုးတုပ်၊ လည်ပင်းကြိုးချည်လျက် ပြန်တွေ့ခဲ့ရကြောင်း NLD ပါတီဝင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Than Lwin Times က...

သတင်း

ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။