Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုနဲ့အတူ တိုက်ပွဲတွေပြင်းထန်လျက်ရှိတဲ့အတွက် တဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကိုပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်ဘေးရှောင်တွေကို ကရင်အရပ်ဘက်အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးနဲ့ လယ်ဒိုမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရသူတွေကို ဇူလိုင် ၅ ရက်က ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ ကေအဲန်ယူ-မူးမြို့နယ် ကျန်းမာရေးကော်မတီတို့က စားနပ်ရိက္ခာအချို့နဲ့ ဆေးဝါးစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့ကြတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

မူး(မုန်း)မြို့နယ်နဲ့ လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့မှုနဲ့အတူ တိုက်ပွဲတွေပြင်းထန်လျက်ရှိတဲ့အတွက် တဖက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကိုပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

တိမ်းရှောင်ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူလူထုအများစုဟာ အမျိုးသမီး၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ကြပြီး လက်ရှိမှာ စားနပ်ရိက္ခာပြသနာနဲ့ မိုးရာသီကာလဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကေအဲန်ယူ-မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက ဒေသခံပြည်သူတွေကို ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့နဲ့ မူးမြို့နယ် ကျန်းမာရေးကော်မတီတို့က သွားရောက်ပြီး စားနပ်ရိက္ခာအချို့နဲ့ လိုအပ်တဲ့ဆေးဝါးစတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြုလုပ်ပေခဲ့တာလို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတွေအားလုံးကိုဖြစ်စေ ကျေးဇူးအထူးတင်ရှိပါကြောင်း ကေအဲန်ယူ-မူးမြို့နယ် ကျန်းမာရေးကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဒီလိုထွက်ပြေးတိမ်းရှောင်နေရသူတွေထဲက တပ်ကုန်းကျေးရွာက ပြည်သူတစ်ဦးရဲ့ ဆိုင်ထဲကို စစ်ကောင်စီတပ်က ဖောက်ထွင်းဖျက်ဆီးကာ ဆိုင်အတွင်းရှိ ငွေကျပ်(၁၇)သိန်းတန် ကွန်ပျူတာတစ်လုံး၊ ဖိနပ်အရံ(၁၀၀)နဲ့ ငွေသားကျပ်(၂)သိန်းကိုပါ သိမ်းယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

ဗီဒီယို

စစ်ကောင်စီတပ်နေရာယူထားတဲ့နေရာတွေရှိတာကြောင့် နေ့ဘက်တွေသွားလို့မရဘဲ ညဘက်တွေပဲ သွားလို့ရတောကြောင့် စစ်ဘေးရှောင်တွေဆီ အစားအစာ ဆေးဝါးပို့ဆောင်ဖို့ အရမ်းခက်ခဲတယ်လို့ ဆိုပါတယ်။

သတင်း

ကြောင်ပြာစခန်းသိမ်းတိုက်ပွဲမှာမှု နှစ်ဖက်အထိအခိုက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဖက်မှ တပ်ရင်းမှူးအပါအဝင်သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း၊ အရေအတွက်ကို အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ဘေးရှောင်တွေအတွက် ယုံကြည်စွာကူညီပေးလျက်ရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ကြောင်း၊ ထပ်မံလိုအပ်လျက်ရှိတဲ့ အကူအညီတွေကိုလည်း ပေးအပ်နိုင်ပါတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။