Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရဲဘော် ဇီးတူးကျဆုံးမှုတွင် သတင်းပေးခဲ့သည့် စစ်​ကောင်စီတပ်ထွက် ဒလန်တစ်ဦးကို လင်းယုန်တပ်ဖွဲ့ရှင်းလင်း

“ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်”ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

ရဲဘော် ဇီးတူး
ရဲဘော် ဇီးတူး

မန္တ​လေးတိုင်း မတ္တရာ(ပကဖ)စခန်း စီးနင်းခံရမှုတွင် ကျဆုံးခဲ့ရသော ရဲဘော်ဇီးတူး ကျဆုံးမှုအပေါ်တုန့်ပြန်သည့်အနေဖြင့် စခန်းနေရာအားသတင်းပေးခဲ့သူ စစ်​ကောင်စီတပ်ထွက် ဒလန်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗိုလ်လင်းယုန် ဒေသကာကွယ်ရေးပြောက်ကျားတပ်က ယနေ့(ဇူလိုင် ၈) အသိပေးထုတ်ပြန်သည်။

ပစ်ခတ်ရှင်းလင်းခံရသူမှာ ဇွန်လ ၃ ရက်က မတ္တရာ (ပကဖ)စခန်းအား စစ်ကောင်စီတပ်၏ စီးနင်းခံရမှုတွင် သတင်းပေးခဲ့သော စစ်တပ်ထွက် အောင်မင်းထွန်းကို သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်ခဲ့သည်ဟု ဖော်ပြ သည်။

အောင်မင်းထွန်းအား အသေးစိပ်စုံစမ်းရာ စဥ့်ကူးမြို့နယ်၊ ခတက်ချဥ်ကျေးရွာအရှေ့ဘက် လက်ပံတော သစ်တောဂိတ်၌ ရှိနေကြောင်းသိရသဖြင့် ယနေ့နံနက် ၁၁ နာရီခန့်က ယင်းဂိတ်သို့သွားရောက်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရဲဘော် ဇီးတူး
ရဲဘော် ဇီးတူး

“ရဲဘော်(02)အတွက် အသက်သွေးကြေးပြန်တောင်းခဲ့သော ရွှေလက်ပိုက်ရှင်များလည်းလွတ်လပ်တဲ့နေရာတစ်ခုသို့ ရောက်ရှိပါကြောင်းအသိပေးအပ်ပါသည်”ဟု ဗိုလ်လင်း ယုန်တပ်ဖွဲ့က အသိပေးသည်။

ဒလန်သတင်းပေးမှုဖြင့် စီးနင်းခံခဲ့ရသော မတ္တရာ (ပကဖ)စခန်း စီးနင်းခံရမှုတွင် သပိတ်ကျင်းအခြေစိုက် ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ဒုတိယခေါင်း ဆောင် ရဲဘော်ဇီးတူးသည် အခြားညီနောင်ရဲ ဘော်များ ဘေးလွတ်ရာရှောင်တိမ်းနိုင်ရန် အသက်စတေး၍ ခုခံတိုက်ခိုက်ခဲ့သော တော် လှန်ရေးအာဇာနည်တစ်ဦး ဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြစွာကျဆုံးခဲ့သော် ရဲဘော်ဇီးတူးအား ကောင်းမွန်စွာသဂြိုဟ်ခြင်းနှင့် အမိန့်ပြန်တမ်းထုတ်ပြန်သည့်အခမ်း အနားကို ဇွန်လ ၉ ရက်က ကျင်းပခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

သတင်း

စစ်ကောင်စီက အာဏာသိမ်းထားသည့်ကာလ ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၂ခုနှစ် မေလအတွင်း မကွေးတိုင်းအတွင်း၌ နေအိမ်ပေါင်း ၃,၀၅၅ လုံး မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

သတင်း

ချောင်းဦးမြို့ အထွက်တွင် MRA စစ်ကိုင်းခရိုင်တပ်ရင်း(၅) နှင့် Farmer Revolution Force (FRF-Chaung Oo) တို့ ပူးပေါင်း၍ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦး အပြင်းအထန်ဒဏ်ရာရနိုင်သည်ဟု MRAက ထပ်မံအသိပေးသည်။

သတင်း

စစ်ကောင်စီ စစ်ကြောင်းသည် ပျံကျ​ကျေးရွာအား မီးရှို့ပြီး ကြခတ်​ကျေးရွာတွင် ဝင်ရောက်တပ်စွဲနေသည်ဟု သိရသည်။