Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်
ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား တိုက်မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မြိုင်မြို့နယ်က ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်၈ရက်) နံနက် ၁၁နာရီခန့်တွင် မြိုင်မြို့နယ်၊ ကျောက်ခွက် မန်ကျည်းကုန်းမှ စက်မှု(၂)သို့ ပြန်လာသော စစ်ကောင်စီစစ်ကြောင်းအား ဝက်ပုတ်ရွာတောင်ဘက်တွင် တိုက်မိုင်း ၄လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း၊ ထိခိုက်မိသည့် အကြမ်းဖက်စစ်သားများအား စက်မှု-၂ သို့ သယ်ဆောင်သွားခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မြိုင်(ပကဖ) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ (ဇူလိုင်၈ရက်) နံနက် ၇ နာရီခန့်တွင်လည်း ဆိုင်ကယ်ဖြင့် ရွာအပြင်သို့ထွက်လာသော မြိုင်မြို့နယ်၊ သရက်ကွရွာမှ ပျူစောထီးခေါင်းဆောင် ဟန်ညွန့်အား ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအ ထန်ရပြီး ဆေးရုံပို့ထားရသည်ဟု ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

မြိုင်နယ်အနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအား စစ်ကြောင်းထိုးနေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ)၊ ကျိုက်ထို မြို့နယ်များ ပါဝင်သည်။

သတင်း

ယင်းနေရာကို ကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း နှစ်လုံး၊ ပေါက်စက် တစ်လုံး၊ (၄၀)မမကျည် တစ်လုံး တွေ့ရှိခဲ့ကြောင်း Fox Army – HPDFက ထုတ်ပြန်သည်။

သတင်း

အဆိုပါ CDM စစ်သား ၁၁ ဦးတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည် (၉) ဦး၊ စုစု ပေါင်း ၁၁ ဦးဖြစ်ပြီး ၎င်း CDM စစ်သည်အား လုံး အကူအညီလိုအပ်လျက်ရှိကြောင်းကို ဇွန်လ ၉ ရက်က ပြည်သူ့ပန်းတိုင်မှ ကြေငြာခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။