Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူးယစ်​​ဆေးဝါး​ရောင်းဝယ်​သောစခန်းတစ်ခုကို​ရေး​ပြောက်ကျားတပ်ဖွဲ့ ဝင်​ရောက်ဖမ်းဆီး

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

●မူးယစ်​ဆေးဝါးများကိုဖျက်ဆီး၊အ​ရေးယူသည့်အ​နေဖြင့်ကားတစ်စီးနှင့်ကျပ်သိန်း၇၀ကိုသိမ်းယူ၍​တော်လှန်​ရေးအတွက်အသုံးပြုမည်

မူးယစ်ဆေးဝါး​ရောင်းဝယ်​ဖောက်ကား​နေ​သောအဖွဲ့တစ်ဖွဲ့၏စခန်းကို ဝင်ရောက်ဖမ်းဆီးရာတွင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိကြောင်းရေးပြောက်ကျားတပ်ဖွဲ့ -YGFက သတင်းထုတ်ပြန်သည်။

ကိုယ်တိုင်မူးယစ်​ဆေးဝါး အသုံးပြုပြီး​ရောင်းဝယ်​ဖောက်ကား​နေ​သော အဖွဲ့တစ်ဖွဲ့ကို ပြည်သူများ၏ သတင်းပေးမှုနှင့် သတင်းရမှုအရ ဇူလိုင် ၅ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြာင်း ​ရေး​ပြောက်ကျားတပ်ဖွဲ့က ဇူလိုင်၉ ရက်တွင်ထုတ်ပြန်သည်။

ဖမ်းဆီးရာတွင် WY ဆေးပြား ၂၆၄ ပြား၊ ဘိန်းစာရွက်ပုံပါအထုတ် ၅၀ ထုတ်၊ ဆိုင်ကယ် ၇ စီး၊ ကားတစ်စီးနှင့် ငွေကျပ်သိန်း ၇၀ကို ဖမ်းဆီးရမိသည်ဟု​ဖော်ပြထားသည်။

(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)
(ဖမ်းဆီးရမိ​သောမူးယစ်​ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ၊မူးယစ်​ဆေးဝါးများကိုမီးရှို့ဖျက်ဆီး​နေမှု။ဓါတ်ပုံ-YGF)

ဖမ်းဆီးရမီခဲ့သည် ဆေးပြားများနှင့် ဘိန်းစာရွက်များကို မီးရှို့ဖျက်စီးခဲ့ပြီး၊မူးယစ်​​ဆေးဝါး​ရောင်းချမှုကိုအပြစ်​ပေးအ​ရေးယူသည့်အ​နေနှင့် ယာဉ်များ၊ငွေကြေးများကိုသိမ်းယူခဲ့ပြီးတော်လှန်ရေးအတွက် အသုံးပြုသွားမည်ဟုYGF ကအသိ​ပေးသည်။

“လူတွေကိုတော့နောက်ထပ်ဒီလိုမျိုးထပ်မလုပ်ဖို့ နောက်တစ်ခါဆိုရင်လူကိုယ်ပါအရေးယူမည့်အကြောင်းသတိပေးပြီးသက်ညှာတဲ့အနေနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်”ဟုအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေး​ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

“ဒီကိစ္စကိုအကြံပြုချင်နေတာကြာပြီ အရောင်းဒိုင်တွေ လက်ခွဲတွေကို ဖမ်းကြပါ။ အရေးယူကြပါ။ မွန်တော်တော်များများ အိမ်တိုင်းက အာစီယံနဲ့သာယာနေတာ နိုင်ငံပျက်နေတာတောင် သူတို့နဲ့မဆိုင်သလိုပဲ အရွက်လမ်းကြောင်းပျက်ရင်တော့ ကမ္ဘာပျက်သလိုပဲ”ဟု အဆိုပါသတင်းထုတ်ပြန်ချက်အ​ပေါ်ပြည်သူတစ်ဦးကမှတ်ချက်ပြုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

​တော်လှန်​ရေးတိုက်ပွဲများအား အားမ​လျော့ဘဲ ဆက် လက်လျောက်လှမ်း ချီတက်သွားကြမည်ဟု ကတိသစ္စာပြုထားပြီး မိဘပြည်သူများ၏ အကူအညီ၊ ​မေတ္တာ၊ ​စေတနာထားမှုများကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ဟု ဖော်ပြထားသည်။

သတင်း

ယနေ့ ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် စစ်အာဏာ ရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတကာ

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ တခြား သေဒဏ် ဆန့်ကျင်ရေး လှုပ်ရှားသူတွေက စင်ကာပူရဲ့ သေဒဏ် စီရင်ချက်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုလိုက်တာလို့ ဝေဖန်ပါတယ်။

သတင်း

ထိုတည်နေရာမှာရွှေစွန်ညိုတပ်ရင်းစခန်းခွဲတစ်ခုနှင့်အလွန်နီးကပ်ခဲ့ပြီး CDF-မင်းတပ် နှင့်တိုက်ပွဲတွင်အထိနာ၍ဆုတ်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၃၀ရက်နေ့တွင် ရွှေစွန်ညိုတပ်ရင်းစခန်းခွဲသို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးသွားကြောင်း အသိပေးသည်။