Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်း မြို့နယ်သုံးခုတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဆောက်အအုံအချို့ ပျက်စီး၊ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ပုဂံရွာတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးလျက်ရှိသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

(ယနေ့ညနေ ညောင်လှရွာသို့ကျရောက်ခဲ့သော လက်နက်ကြီးတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယနေ့ညနေ ညောင်လှရွာသို့ကျရောက်ခဲ့သော လက်နက်ကြီးတစ်လုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်းရှိ ဒီပဲယင်း၊ ရေဦးနှင့်ခင်ဦးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အဆောက်အအုံအချို့ ပျက်စီးပြီး ဒေသခံအမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင်၉ရက်) ညနေ ၆နာရီခွဲခန့်က ရေဦးမြို့မှ ကြာပန်းအဝိုင်းသို့ ထွက်လာသော စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် အင်းပတ်ရွာနှင့် ညောင်လှရွာဝန်းကျင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ လက်နက်ကြီးများကျရောက်မှုကြောင့် အင်းပတ်ရွာရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အအုံအချို့ပျက်စီးမှုရှိခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှရွာတစ်ဝိုက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ရေဦးမြို့တောင်ဘက်ကျေးရွာများ၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာအချို့ လက်နက်ကြီးအန္တရာယ်စိုးရိမ်သဖြင့် ဘေးလွတ်ရာ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ပုဂံရွာတွင်လည်း စစ်ကောင်စီတပ်များတပ်စွဲကာ ကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးလျက်ရှိသဖြင့် ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေ​ကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

သတင်း

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

သတင်း

ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်​ကြေး​ကောက်ခြင်း၊ အတင်းအဓမ္မ​စေခိုင်းခြင်းများပြုလုပ်​သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်​ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်း​ဆောင်ရွက်သွားမည်ဟု ဗန်း​မောက် ပကဖ ကထုတ်ပြန်ထားသည်။

သတင်း

ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။