Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခရိုင်(ပကခ) သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့
ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်အတွင်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအားလုံး ၁၀ရက်အတွင်းနှုတ်ထွက်ရန် ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့(ဇူလိုင်၉ရက်)တွင် ခန္တီးခရိုင်အတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ကာ သတိပေးလိုက်ခြင်းဖြစ်သည်။

ယခုအခါ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလျက် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို ထူထောင်နေပြီဖြစ်ကြောင်း၊ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည် ပတ်လျက်ရှိကြောင်း ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချ​က်တွင် ဖော်ပြ သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင်ထမ်းဆောင်လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်ယူနေသူအားလုံး ယနေ့မှစ၍ ၁၀ရက်အတွင်း မိမိတို့၏ ရာထူးတာဝန်နှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် န္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညွှန်ကြားလိုက်သည်။

အဆိုပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ပါက ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

သတင်း

စခန်းစီးနင်းခံရသည့် ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ရေဦး(ပကဖ)တို့ ကမ်းဖြူရွာအနီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

အဆိုပါကြွေလွင့်သွားသော ပြည်သူ ၁၆ ဦး၏ (၁)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် နှင့်အတူ ကျင်းပခဲ့ပြီး ကြွေလွင့်သွားသော ပြည်သူများ၏ မိသားစုဝင်များ၊ တော်လှန်ရေး အင်အားစုများ ၊ ဒေသခံ ပြည်သူ ၅ဝဝကျော် တက်ရောက်ခဲ့ကြသည်။

သတင်း

ပြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း၊ဆက်​ကြေး​ကောက်ခြင်း၊ အတင်းအဓမ္မ​စေခိုင်းခြင်းများပြုလုပ်​သောမည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အကြမ်းဖက် စစ်​ကောင်စီနှင့်တစ်တန်းတည်သတ်မှတ်၍ ပြည်သူ့ဆန္ဒအတိုင်း​ဆောင်ရွက်သွားမည်ဟု ဗန်း​မောက် ပကဖ ကထုတ်ပြန်ထားသည်။