Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။

(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​​လေးPDF)
(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​​လေးPDF)

ကလေးမြို့နယ်​တောင်ပိုင်းတွင်စစ်ကောင်စီတပ်နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးများ ယနေ့ (ဇူလိုင် ၁၂ရက်)နေ့လယ်ကတိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

ယမန်နေ့(ဇူလိုင် ၁၁ရက်)ကတည်းက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ညပိုင်းတွင် ရပ်နားခဲ့ပြီးနောက် ယနေ့ ထပ်မံဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ထို့အပြင် စစ်ကောင်စီပစ်သည့် သေနတ်ကျည်ကြောင့်ဒေသခံအရပ်သားတစ်ဦးဒဏ်ရာရသွားသည်။

ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်​ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် အပြင်းအထန်ဖြစ်နေပြီးဒေသခံများနေအိမ်ပြင်ပသို့မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကသတိပေးသည်။

ကလေးမြို့အနောက်ပိုင်းရှိစမ်းမြို့ကျောင်းအပေါ်ထပ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပုန်းအောင်းနေကြောင်းဒေသခံများကသတင်းပေးပို့သည်။

ယမန်နေ့က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို မသိရသေးသော်လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှတစ်ဦး ဒဏ်ရာရခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယနေ့ တိုက်ပွဲအပါအဝင် ၄ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၀ ကျော်သေဆုံးခဲ့ကြောင်း The Chin Journalက ဖော်ပြသည်။

သတင်း

ဇူလိုင် ၆ရက်တွင်တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးပြီး ဒဏ်ရာရယူများ ရှိခဲ့ကြောင်း၊ ဇူလိုင် ၇ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၆ဦး ထက်မနည်းဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ဇူလိုင် ၅ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့ပေါ်တွင် လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် သိမ်တန်းရပ်ကွက်၊ ဗောဓိကုန်းရှိ ပြည်သူပိုင်နေအိမ်လေးလုံး လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

သတင်း

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခက်အခဲများစွာနဲ့ကြုံတွေ့နေရပြီး ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အဓိကလိုအပ်နေတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။