Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝိုင်းမော်ရှိ KIAတပ်စခန်းလာတိုက်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်သေဆုံးထိခိုက်များပြားဟု ဒေသခံပြော

“ပြည်သူစစ်တွေအကျအဆုံးရှိတယ်လို့ကြားတယ်။ လေယာဉ်ပျံလည်း လာတယ်ပြောတယ် အဲဒီ လေယာဉ်ပျံက မှန်းပြီး ပစ်ထည့်လိုက်တော့ အဲဒီစစ်ကောင်စီဘက်ကိုသွားကျပြီး အထိအခိုက်ရှိတယ်လို့ ကြားတယ်” ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့။ ။ဓါတ်ပုံ-The New Youk Times)
(KIA တပ်ဖွဲ့ဝင်အချို့။ ။ဓါတ်ပုံ-The New Youk Times)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းအား လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှာ သေဆုံးထိခိုက်များပြားနေပြီး ယနေ့အထိ ပစ်ခတ်မှုများဆက်ရှိနေကြောင်း ကချင်ဒေသခံအချို့က ပြောသည်။

ဝိုင်းမော်မြို့နယ် နန်ဇော်ယန် ကျေးရွာ KIA တပ်မဟာ(၅)၊ တပ်ရင်း(၃)နယ်မြေသို့ စစ်ကောင်စီနှင့် ဦးရွှေမင်း ဦးဆောင်သည့် ဒူးလေးပါတီလက်နက်ကိုင်တပ် ပူးပေါင်းအဖွဲ့က အင်အားအလုံး အရင်းဖြင့် စစ်ရေးလှုပ်ရှားဝင်ရောက်လာသည့်အပေါ် KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပြည်သူစစ်တွေအကျအဆုံးရှိတယ်လို့ကြားတယ်။ လေယာဉ်ပျံလည်း လာတယ်ပြောတယ် အဲဒီ လေယာဉ်ပျံက မှန်းပြီး ပစ်ထည့်လိုက်တော့ အဲဒီစစ်ကောင်စီဘက်ကိုသွားကျပြီး အထိအခိုက်ရှိတယ်လို့ ကြားတယ်” ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း ပစ်ခတ်မှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ့စစ်နဲ့ပေါင်းပြီး စစ်ကောင်စီက KIA ရှိတဲ့နေရာကို လာပြီးတိုက်တာပေါ့။ ကျွန်တော်ကြားတာက အဲဒီ လီဆူးပြည်သူ့စစ်တွေကို အဲဒီနေရာမှာ သွားထိုင်ဖို့ စစ်ကောင်စီက ခွင့်ပေးတာ သူတို့လည်း ဝမ်းသာပြီးသွားတိုက်ကြတာထင်တယ် တပ်နဲ့အတူတူတွဲပြီး”ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

အခြားကချင်ဒေသခံတစ်ဦးကလည်း “ မနေ့က သူတို့တော်တော်လေးကျသွားတယ်။ ကျဆိုနွားလှည်းနဲ့သယ်ရတာတောင်ရှိတယ်။ အဲဒါလည်း အတည်ပြုလို့ရတယ်။ အခု ဒီနေ့လည်း လောလောဆယ် ဖြစ်နေတုန်းပဲ။ လက်နက်ကြီးနဲ့ထင်တယ် ၊ ၁၅ မိနစ်လောက်ပဲခြားတယ် ပစ်နေတာ”ဟု ပြောသည်။

ကချင်ဒေသ စစ်ရေးသတင်းများ ရေးသားဖော်ပြနေသည့် သတင်းရင်းမြစ်တစ်ဦးကလည်း စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏မြို့တွင်းတပ်ရင်းစခန်းအား KIAနှင့် မြစ်ကြီးနားမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(KPDF) ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ယနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

ဇူလိုင် ၁၂ရက် နေ့လည် ၁၂နာရီခွဲခန့်တွင် မြစ်ကြီးနားမြို့၌တပ်စွဲအခြေချစခန်းချထားသော (မ.ပ.ခ)မြောင်ပိုင်းတိုင်းစစ်ဌာချုပ်လုံခြုံရေးတပ်ရင်း၊ အမှတ်(၂၁)ခြေလျင်တပ်ရင်းအား KIA တပ်ရင်း(၁၁) နှင့် KPDFပူးပေါင်းအဖွဲ့က (၄၀)မမ၊ (၇၉) မမ အမျိုးအစား လက်နက်ဖြင့် ခြောက်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နန်ဇော်ယန်ကျေးရွာ တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အမှတ် (၃၇)တပ်ရင်းမှ ရွှေ့ပြောင်းနေထိုင်ကြသည့် အရာရှိများ၊ စစ်မှုထမ်း ဝန်ထမ်းများ အများအပြား သေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဝိုင်းမော်ဒေသတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

KIA သတင်းပြန်ကြားရေးဌာန The Kachin၏ ယမန်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီ၏ တပ်မ(၈၈) မပခ တပ်နှင့် P.T.Ts ပူးပေါင်းတပ်တို့ KIA ရှိရာသို့စစ်ကြောင်းထိုး ဝင်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ ဇူလိုင် ၁၁ရက်တွင် ၃နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူနှင့် ရဟတ်ယာဥ် အသုံးပြုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်း လမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာဘက်အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု ၎င်းမျက်မြင်တွေ့ရှိသူများက​ပြောသည်။

သတင်း

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိပေမယ့် ရုရှားသတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှားနျူကလီးယား အေဂျင်စီနဲ့တွေ့ဆုံမှုအပြင် ရုရှားအာကာသအေဂျင်စီအကြီးအကဲနဲ့လည်းတွေ့ဆုံမယ်လို့ ရေးသားဖော်ပြကြပါတယ်။

သတင်း

ဇူလိုင် ၁၂ ရက် နေ့လည် ၁၁နာရီခွဲခန့်တွင် တာမွေမြို့နယ် အောင်မင်္ဂလာလမ်းထိပ်၌ စစ်ကောင်စီကားများကို ဖောက်ခွဲရန် Urban Revolutionary Front (URF) အဖွဲ့နှင့်ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။