Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲဇာရဲစခန်းသို့စစ်ကူသွား​သော ခမရ ၃၀၉တပ်က​ဒေသခံပြည်သူ ၁၅ ဦးကိုဖမ်းဆီး၍စစ်ဝတ်စုံဝင်​စေပြီးဓါးစာခံလုပ်

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

(စစ်​ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းအတွင်းတစ်​နေရာ။ ဓါတ်ပုံ-IR)
(စစ်​ကောင်စီ၏ ခမရ ၃၀၉ တပ်ရင်းအတွင်းတစ်​နေရာ။ ဓါတ်ပုံ-IR)

စစ်​ကောင်စီတပ်ကတိုက်ခိုက်ခံရသည့် မဲဇာရဲစခန်းသို့ တပ်ကူလွှတ် လိုက်သည့် ခမရ ၃၀၉ တပ်သည် ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးပြီး စစ်ယူနီဖောင်းများဝတ် ဆင်၍ ဓါးစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၁၂ ရက်)က အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံကသာအခြေစိုက်ခမရ ၃၀၉ တပ်သည် ရာဇဂြိုလ်တောင် မှတဆင့်အင်းတော်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့လာရာ လမ်းတလျှောက်ရှိကူးဆိပ်၊ ကျန်တော၊နားနောင်၊ကျော်ရွာနှင့်နားခါရွာမှ ပြည်သူ ၁၅ ဦးခန့်အား ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည်ဟု Indaw Revolution ကဖော်ပြသည်။

“ဖမ်းခံထားရတဲ့သူတွေ ငိုနေတယ်လို့ သိရတယ်။အခုစခ စစ်ကြောင်းအတိုင်း ပါသွားတယ်။ပြန်မလွှတ်ပေးသေးဘူး”ဟု IR တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ခမရ ၃၀၉ စစ်ကြောင်းသည်အင်းတော်မြို့၏တောင်ဘက် နတ်မဟုတ်ကြီး၊သံဘိုနှင့် မဲဇာရွာဘက်ကို ဦးတည်ပြီးလယ်ပြင်လမ်းအတိုင်း မဲဇာရဲစခန်းသို့ ဦးတည်သွားနေကြောင်းလည်း ၎င်းကဆက်​ပြောသည်။

“ကျွန်တော်တို့ သူတို့လာမှာကို သိတယ်။ဒါပေမယ့် ပြည်သူတွေ ကိုစစ်ဝတ်စုံဝတ်ပြီး ဓားစားခံလုပ်ထားတော့ တိုက်ပွဲဖော်ဖို့ အဆင်မပြေသေးဘူး။ဒါကြောင့် တိုက်ပွဲမရှိသေးဘူးလို့ ပြောလို့ရတယ်”ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ပြော သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ဒေသခံသ တင်းရင်းမြစ်များနှင့် စစ်ကောင်စီတပ်၏ လှုပ် ရှား မှုများကို သတင်းပေးနားစွင့်ရန်အစဥ်အမြဲ လိုအပ်ကြောင်းIR မှတာဝန်ရှိသူကတိုက်တွန်းသည်။

ဇူလိုင် ၁၀ ရက်ကစစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ရှိ မဲဇာရဲစခန်းကိုKIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၃၀ ထက်မနည်းသေဆုံးကြောင်း Indaw Revolution က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

“ပြည်သူစစ်တွေအကျအဆုံးရှိတယ်လို့ကြားတယ်။ လေယာဉ်ပျံလည်း လာတယ်ပြောတယ် အဲဒီ လေယာဉ်ပျံက မှန်းပြီး ပစ်ထည့်လိုက်တော့ အဲဒီစစ်ကောင်စီဘက်ကိုသွားကျပြီး အထိအခိုက်ရှိတယ်လို့ ကြားတယ်” ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

သတင်း

KRFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏လက်ပါးစေများအား သုတ်သင်ရှင်းလင်းမည့်အပြင် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်များမည်ဟု ဖော်ပြသည်။

သတင်း

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး (၁၂၀ မမ)နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဇီးပြောင်းကျေးနယ်အုပ်စုရှိ ကညင်အိုင်၊ ကျောက်ရေတွင်း၊ ဇီးပြောင်းကျေးရွတွေက ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

"ဒီညနေ ၄နာရီ ခွဲလောက်က ပစ်သွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရသေးဘူး။ စခန်းကတော့ မြို့နယ်မှူးရော ရဲတွေပါနေတဲ့ လိုင်းခန်းပဲ"ဟု ပင်းတယမြို့ခံတစ်ဦးကပြောသည်။