Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ် ဇူလိုင် ၁၂ တိုက်ပွဲတွင်စစ်သား ၁၀ဦးထက်မနည်း​သေဆုံးဟုPDF ​ပြော

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDFB-1)
(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-က​လေးPDFB-1)

ကလေးမြို့နယ်အတွင်းစစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကြားယမန်နေ့(ဇူလိုင် ၁၂)တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ၁၀ဦးထက်မနည်းသေဆုံးခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ယနေ့နံနက်တွင်လည်းစစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ယောဒေသနှင့် ကလေးနယ် ထိစပ်နေသည့် ချင်းတောင်​ခြေဝန်းကျင်တစ်ဝိုက်(ကလေးမြို့ အနောက်ပိုင်းနှင့်တောင်ပိုင်း) တွင် ဇူလိုင် ၁၁ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

ဇူလိုင် ၁၁ရက်တိုက်ပွဲတွင် ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့ပြီး ဇူလိုင် ၁၂ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ၁၀ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်းကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ရင်း(၁)မှရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“မနေ့က 12-7-2022 ခွေးမောင်းပွဲမှာမုန့်ဟင်းခါးအနည်းဆုံး၁၀ ပွဲပါခင်ဗျာဝမ်းသာကြဖို့ပါ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ရေးသားထားသည်။

ထို့အပြင်ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာနိူင်သည့်နေရာအားမိုင်း​ထောင်ထားပြီးစစ်ကြောင်းဖြတ်စဥ် ဖောက်ခွဲခဲ့ရာစစ်ကောင်စီတပ်ထပ်
မံအထိနာသွားကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကာင်စီစစ်ကြောင်းအတွင်း ဒဏ်ရာရနေသူများကို အထမ်းများဖြင့် ထမ်း၍ ခရီးဆက်နေသည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

“စစ်ခွေးတွေအထမ်းတွေနဲ့တွေ့တယ်။တော်တော်အထိနာခဲ့ပုံရတယ်”ဟု ဒေသခံတစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။

ထို့အပြင်ယခုရက်ပိုင်း တိုက်ပွဲဆက်နေ၍သေနတ်ကျည်လိုအပ်ချက်များနေကြောင်းလည်းPDFများက​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက "အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။"ဟု ပြောကြားသည်။

သတင်း

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားသည် MA-1 သေနတ်တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံအချို့ကပြောသော်လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကမူ မှတ်ချက်ပေးခြင်းမရှိပေ။