Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက တိုက်ပွဲနားချိန်တွင် ​ကျေးရွာဖွံ့ဖြိုး​ရေးလုပ်ငန်းများပြုလုပ်

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။”ဟု ပြောကြားသည်။

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ
ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက တိုက်ပွဲနားနေချိန် ၎င်းတို့နယ်မြေအတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဝက်လက်မြို့နယ်အခြေစိုက်တောကြီးမြွေပွေး ပြောက် ကျားတပ်ဖွဲ့သည် ကျေးရွာများရှိ လမ်းများပြုပြင်ခြင်းနှင့် ရေဆိုးကန်များ သန့်ရှင်းပြုပြင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။”ဟု ပြောကြားသည်။

ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ
ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ

အလားတူ ရွှေဘိုခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့၊ C&T Shwebo LDF၊ Snake Eyes LDF၊MDF Shwebo၊ Alpha 7 LDF၊ Shwebo Federal Army၊ ဒေါင်းမာန်အဖွဲ့တို့ကလည်း ယနေ့ (ဇူလိုင် ၁၃ရက်)တွင်ပြည်သူများသွားလာရန် ခက်ခဲနေသောလမ်းများကို ပြုပြင်ရှင်းလင်းပေးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

သတင်း

"အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ"ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။