Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေးမြို့နယ်တိုက်ပွဲ သုံးရက်အတွင်းစစ်သား၄၂ ဦး​သေ၊ PDF နှစ်ဦးကျဆုံးဟု က​လေးပကဖ ​ပြော

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​လေးPDF)
(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသုံးရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာတစ်ဝိုက်တွင်ပ.က.ဖ.(ကလေး)၊ PDF kalay၊CNDF၊ CDF KKG၊ RKDF၊ UGF Kalay ပူးပေါင်းတပ်ဖွဲ့များပါဝင်သောပြည်သူကာကွယ်ရေးတပ်ပေါင်းစုက စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အ​ကြမ်းဖက်အဖွဲ့ကို ရင်ဆိုင်တိုက်ပွဲ ပြင်းထန်စွာဆင်နွှဲခြေမှုန်းခဲ့သည်” ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ.(ကလေး)က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း အပြင်းစား မိုင်းများဆွဲကာ လက်နက်ကြီးလက်နက်ငယ်များအသုံးပြုတိုက်ခိုက်ချေမှုန်းခဲ့သည်ဟုလည်းပါရှိသည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ယ​နေ့တွင်မိုင်းကွင်း​ပေါ်​ရောက်​ရှိလာသဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ​သေဆုံးထိ့ခိုက်မှု များခြင်းဖြစ်​ကြောင်း PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်နှစ်ဦးမှာPDF kalay တပ်ရင်း-၂ မှ အသက် ၂၄နှစ်အရွယ်တပ်သားဆန်းမင်းငွေနှင့်CNDFမှရဲဘော်တစ်ဦးဖြစ်သည်။

“ဒီနေ့တိုက်ပွဲက ကိုယ်တေဘက်အသာစီးဆိုပေမဲ့ရဲဘော်တစ်ယောက်ကိုတော့ပေးဆပ်လိုက်ရပြန်ပြီတာဝန်ကျေတာထက်လွန်ပါတယ်ရဲဘော်။အလေးနီပြုပါတယ်။ကောင်းရာဘုံမှာ နားပါတော့” ဟု ကျဆုံးသွား​သောတပ်သား ဆန်းမင်းငွေအတွက် ဝမ်းနည်းကြောင်း PDF kalay တပ်ရင်း -၂ မှ ရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကျဆုံးရဲဘော်နှစ်ဦးအတွက် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ယူကြောင်းကိုCNDFနှင့် PDF kalay တပ်ရင်း -၂တို့ကအသီးသီးထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရှိနေသေးပြီးယနေ့ညနေနှစ်နာရီခန့်မှစတင်ကာ ပြည်သူကာကွယ်ရေးတပ်ပေါင်းစုဘက်က ဆုတ်ခွာထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထားသည်။ယခုရက်ပိုင်း တိုက်ပွဲဆက်နေ၍ သေနတ်ကျည်လိုအပ်ချက်ကြီးမားနေပြီးကျည်ဖိုးကူညီအားဖြည့်ပေးရန် ပြည်သူ့ကာကွယ်​ရေးရဲဘော်များက လူထုအား မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက "အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။"ဟု ပြောကြားသည်။

သတင်း

"အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ"ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

ပြည်သူနှင့်ပူး​ပေါင်းလာ​သောတပ်မ​တော်သားသည် MA-1 သေနတ်တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာ​ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကာထိုးနေ၍ဒေသခံများသတိပြုသွားလာကြရန်ကလေးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားသည်။