Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ၆ လအ တွင်း ဖမ်းမိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)သည် CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

ဓါတ်ပုံ-KPS
ဓါတ်ပုံ-KPS

ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းပြီး ၆ လအတွင်း ဖမ်း ဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)က ယနေ့(ဇွန် ၂၆)တွင် ထုတ်ပြန်သည်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(KPS)အနေဖြင့် (၆)လအတွင်းဖမ်းဆီးရမိသော မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအားယနေ့ကျရောက်သည့်(၃၅) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်အလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်စီးခဲ့ကြောင်းဖော်ပြသည်။

“အမျိုးသားညီညွှတ်ရေးအစိုးရရဲ့အောက်မှာ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေကို တာ၀န်ယူမှု၊ တာ၀န်ခံမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု KPS မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသောပစ္စည်းများတွင် ဘိန်းဖြူ ၂၉၃ ဂရမ်၊ ဘိန်းမဲ ၂၉၈၃ ဂရမ်၊ WY ဆေးပြား ၃၉၅၄ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသော ဆေးထိုးအပ် ၁၀ ချောင်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၁၁,၉၅၅,၀၀၀ ကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်သည်။

“စစ်ကောင်စီက မြို့ပေါ်ပဲ လှုပ်ရှားနိုင်တော့တယ်။ စစ်ကောင်စီမလာနိုင်တော့တဲ့ နေရာတွေမှာ မူးယစ်ဆေးတိုက်ဖျက်ရေးကို ကျွန်တော်တို့ လုပ်နေတယ်”ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)မှ ရဲအရာရှိတစ်ဦးကပြောသည်။

ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(KPS)သည် CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

အထက်ပါ (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာမူးယစ်အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဖမ်းမိပစ္စည်းများမီးရှို့ဖျက်ဆီးပွဲသို့ KPS တပ်ဖွဲ့ဝင်များ၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်၊ ရပ်ကျေးအုပ်ချုပ်ရေးနှင့် ကာကွာရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“အကြမ်းဖက်စစ်ကောင်စီက လူငယ်တွေတော်လှန်ရေးမလုပ်နိုင်ဖို့ မူးယစ်ဆေးကိုလက်နက်တစ်ခုအနေနဲ့ အသုံးချနေတယ်လို့ကျွန်တော်တို့ ယူဆပါတယ်”ဟု KPS မှ တာဝန် ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGFတပ်တို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် သထုံမြို့နယ် ဝီယော်ကျေးရွာအုပ်စု ထုံးဘိုလေးရွာ၏မြင်ကွင်းအချို့ကို သထုံ PDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

သိမ်းဆည်းရမိသော ငွေသားများကို တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးသည်။

သတင်း

မူးယစ်ဆေးဝါး ထည့်ထားသည့် ခွက်ပေါင်း ၁၂၈ခွက်အား ဇွန်လ ၂၁ရက်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇွန်လ၂၀ရက်ညတွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၂၁ရက်)တွင် နေအိမ် ၁၀၀ခန့်ရှိ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။