Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့တိုက်ပွဲ စစ်ကောင်စီတပ် ငါးဦးသေ

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

(ဇွန်လအတွင်းတိုက်ပွဲ၌ ဖယ်ခုံ PDFတပ်ရင်း (၂)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)
(ဇွန်လအတွင်းတိုက်ပွဲ၌ ဖယ်ခုံ PDFတပ်ရင်း (၂)မှ ရဲ​ဘော်များအား ​တွေ့ရစဥ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှငါးဦးသေဆုံးကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်းက ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲနှင့် တောင်ပို့ကွဲရွာကြားရှိ စစ်ကောင်စီစခန်းကို ၁နာရီခန့်ကြာတိုက်ခိုက်ခဲ့ခြင်းဟု ဆို သည်။

“ဖယ်ခုံ PDFတပ်ရင်း (၂)ကသွားတိုက်တာ။စစ်ကောင်စီဘက်က ငါးဦးသေတယ်။ပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်းများတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ် တစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြုခဲ့သော်လည်း PDFဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထီရိစခန်းသိမ်းပိုက်ခံရမှုတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အပါအဝင်တပ်သား ၁၅ဦးကျဆုံးခဲ့ပြီး စစ်ကောင် စီတပ်သားနှစ်ဦးနှင့် PNOတပ်သားသုံးဦး လက်နက်ချ ဖမ်းမိခဲ့သည်။

ဇွန်လ ၁၃ရက်ကစ၍ စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများ စစ်ကြောင်း ထိုးဝင်လာခဲ့သည်။

စစ်ကောင်စီတပ်နှင့်အတူ PNOပြည်သူ့စစ်အဖွဲ့က ပူး ပေါင်း၍ စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများမီးရှို့ခံရသည့်အပြင် ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊ မြေသြဇာနှင့် ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ်ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားအနီးတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

ညွှန်ကြားချက်ကို မလိုက်နာပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားသည်။

သတင်း

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

သတင်း

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။