Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီတိုက်ပွဲသေဆုံး စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်အောက်များ၌ပစ်ထားခဲ့ဟု CDF ထုတ်ပြန်

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မတူပီ CDF
ဓာတ်ပုံ - မတူပီ CDF

ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကို လမ်းဘေးနှင့် လူနေအိမ်များအတွင်းပစ်ထားခဲ့၍ အလောင်းများကို သဂြိုလ်ပေးခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ် (CDF) က ထုတ်ပြန်သည်။

မတူပီ လိုင်လင်းပီမြို့မှ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို မတူပီ CDFက ဇူလိုင် ၆ ရက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတူပီ CDF၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ရှိသကဲ့သို့ စစ်ကောင်စီစစ်ကြောင်းမှ ရဲဘော် အချင်းချင်းသတ်ဖြတ်ခဲ့မှုဖြစ်စဥ် နှစ်ကြိမ်ရှိခဲ့သည်ဟုဆိုသည်။

လိုင်လင်းပီ နှင့် အာရူရွာကြားတွင် စစ်ကောင်စီတပ်သား အချင်းချင်း နှစ်ဦးသတ်ဖြတ်ခဲ့ပြီး ၊ ရဲန်ခဲန်းရွာနှင့် အမ်လိုင်းရွာကြားတွင် လူနာနှစ်ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်းသိရသည်ဟု မတူပီ CDF က ထုတ်ပြန်သည်။

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားအနီးတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

ညွှန်ကြားချက်ကို မလိုက်နာပါက အကြမ်းဖက်ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူ မည်ဟု သတိပေးထားသည်။

သတင်း

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

သတင်း

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။