Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တိုက်ပွဲတွင် PDFတပ်ခွဲမှူးတစ်ဦးနှင့်KNDO တပ်စိတ်မှူးတစ်ဦးကျဆုံး

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

(ပု​လောမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PPDF)
(ပု​လောမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-PPDF)

ပုလောမြို့နယ်အတွင်းယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတပ်ခွဲမှုးတစ်ဦးနှင့် KNDO တပ်စိတ်မှုးတစ်ဦးကျဆုံးခဲ့​ကြောင်းသိရသည်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KNDOပူးပေါင်းမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည်ပုလောမြို့နယ်ပဝတ်ကုန်းရွာတွင်ယနေ့(ဇူလိုင် ၁၃ရက်)နံနက်နာရီခန့်ကစ၍တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ကလက်နက်အင်အားအသာဖြင့်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

“ကိုယ့်လူဘက်က သုံး ယောက်ထိခဲ့တယ်။သုံးယောက်မှာ နှစ် ယောက်ကျဆုံးတယ်။ တစ်ဦးအခြေနေမသိရသေးဘူး။ရန်သူ့စနိုက်ပါနဲ့ပစ်ခံထိတာ” ဟု ၎င်းကဆက်ပြောသည်။

ကျဆုံးသူနှစ်ဦးမှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၃ )မှတပ်ခွဲမှူးကောင်းဆက်ဇော် (ခ) စော်ဘွားနှင့် KNDO တက်မဟာ (၄) တပ်ရင်း (၇) တပ်ခွဲ (၂) မှ တပ်စိတ်မှူး ဗိုလ်ဖအေး(ခ) ကော့လ်ဖတ် တို့ဖြစ်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ​သေဆုံး၊ဒဏ်ရာရမှုအ​ခြေအ​နေကိုမသိ့ရ​သေး​ကြောင်းလည်းသိရသည်။

စစ်အာဏာရှင်တော်လှန်ရေးရေးတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လူထုနှင့်တသားတည်းရပ်တည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့- EAOများက ဆက်လက်တိုက်ပွဲဝင်နေမည်ဖြစ်ပြီး ပြည်သူလူထုက နည်းမျိုးစုံ ကူညီထောက်ပံ့ပေးရန် တနင်္သာရီစစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့ဝင်တစ်ဦးက တိုက်တွန်းသည်။

“တော်လှန်ရေးမှာတော့ဒီလိုပေးဆပ်ရမှုတွေကမလွှဲမရှောင်သာ ရှိနေမှာပါ။အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ပြည်သူတွေကလဲ တတ်နိုင်တဲ့ဖက်ကနေ ဝိုင်းပြီး ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းပါတယ်”ဟု ၎င်းကပြောသည်။

ပုလောမြို့နယ်တွင် ယမန်နေ့(ဇူလိုင် ၁၂ ရက်)ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့သည်ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ဇူလိုင်၉ ရက်က တိုက်ပွဲတွင် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

မတူပီနယ်တွင် CDF၏ တိုက်ခိုက်မှုကြောင့် ဇူလိုင် ၆ ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲ ​လေးကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

သတင်း

ယခုနှစ် မေလ ၁၂ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထီရိကျေးရွာရှိ စစ်​ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်မှဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်တွင် အင်အားတိုးချဲ့လာခြင်းဖြစ်သည်။

သတင်း

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက "အခုချိန်မှာ ရွာအတွက်အကြီးအကဲမရှိတော့ရွာသာယာဖို့ ဘယ်သူမှ မလုပ်နိုင်ဘူးဖြစ်နေကြလို့ပါ။"ဟု ပြောကြားသည်။

သတင်း

"အခုလက်ရှိက မြို့ပေါ်အုပ်ချုပ်ရေးမှူးတွေလဲ CDM ပါပဲ။ NUG အုပ်ချုပ်ရေး(ပြည်သူ့အုပ်ချုပ်ရေးယန္တရား) ကောင်း ကောင်းလည်ပတ်နိုင်နေပါပြီ"ဟု TSO မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။